❤ Extra ep 1 ❤

126K 6.3K 277
                                    

Zawgyi............. ။

ကလေး မွေးပြီး ၁ နှစ်အကြာ......။

အူဝဲ...အူဝဲ....!!

"အို့ အို့ အို့ မငိုပါနဲ့ သားသားတို့ရယ်... သားသားတို့နို့ဆာနေပြီလား ခဏလေးပဲစောင့် သားသားတို့Daddy က အောက်မှာနို့ဗူးသွားယူနေတယ်...အယ် ရှူးရှူးတွေလဲ ပေါက်ထားတာပဲ ပါးပါး ပြန်လဲပေးမယ်နော်...."

အခန်းထဲမှာ သုသုလေး ကလေးနှစ်ယောက်နဲ့တိုင်ပတ်နေသည်..။

ကလေးနှစ်ယောက်ကိုမွေ့ယာပေါ်မှာ ပလက်ထားပြီး ဘေးနားဗီဒိုထဲက ကလေးတွေအတွက် အဆင်သင့်ဝယ်ထားတဲ့ ဒိုက်ပါ ထုတ်ထဲကနှစ်ခုကိုယူလိုက်ပြီး ကလေးတွေကို လဲပေးလိုက်သည်......။

သုသု ကလေးမွေးပြီးတဲ့အချိန်တစ်ခုရောက်တော့ ဆေးရုံက ဆရာဝန်တွေက ဆင်းခွင့်ပြုပေမယ့်... ကိုကို ကတော့ သုသု ပုံစံကအရမ်းအားနည်းနေလို့ဆိုပြီး ဆေးရုံမဆင်းစေပဲ ရက်ပိုနေခဲ့ရသေးသည်.......။

ဆေးရုံကဆင်းတော့ ဆရာဝန် ကလေးတွေကအရမ်းငယ်သေးတော့ သုသုတစ်ယောက်ထဲ မနိုင်မှာစိုးလို့ နက်စ်မ တစ်ယောက်ငှါးရန်အကြံပြုပေမယ့်...။

သုသု ကိုယ်တိုင်က မငှါးချင်သလို ကိုကို ကလဲ *ဘာမှမနိုင်စရာအကြောင်းမရှိဘူး*ဆိုတာ ငြင်းခဲ့လိုက်သည်...။

တကယ်တမ်းလက်တွေ့မှာလဲ အမွှာလေးတွေကိုထိန်းသိမ်းရတာ တကယ်ကိုပင်ပန်းပါတယ်... ။

အကုန်အစစ အရာရာ ကို တစ်ခုစီတိုင်းကို ကလေးတွေအတွက် အန္တရယ်မဖြစ်စေဖို့ ပို၍ပင် ဂရုစိုက်ရသည်.....။

အကိုကျော်ထက်နဲ့ဝန အပြင် ကြီးကြီချို ကလွှဲရင် ကိုကိုရော သုသု ပါ ဘယ်သူ့လက်ထဲမှ ကလေးတွေကိုစိတ်မချပါ.....။

အဲ့တာကြောင့်လဲ ကိုကို က အကိုဝန ကို ဟိုဘက် Company တစ်ခုတည်း ဦးစီးစေကာ ကျန်တဲ့အချိန်တိုင်းကို အမွှာလေးတွေထိန်းဖို့ သုသု အနားမှာအမြဲနေပေးသည်.....။

သုသုရဲ့အိမ်ထောင်သည်ဘဝက အရမ်းစိတ်ချမ်းသာဖို့ကောင်းပါတယ်...။

သားသားလေးတွေ သုသုတို့ ဘဝထဲကိုမရောက်ခင်တုန်းက ကိုကို က သုသုကိုစိတ်ချမ်းသာအောင်ထားခဲ့လို့ ပျော်ရွင်ခဲ့ရတယ်....။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now