❤ ကိုကိုရဲ့ကလေးငယ် ၁၆ ❤

164K 10.2K 766
                                    

Unicode...
>>>>>>>>

.
.

ဖုန်းသွားပြောပြီးပြန်လာတဲ့အထိ မျက်နှာမှာအပြုံးတွေဝေနေတဲ့ သုသု ရဲ့ ပုံစံလေးကြောင့် မြတ်မင်း သိချင်၍မေးလိုက်သည်...။

"ညီ.. အိမ်က လာကြိုတော့မှာတဲ့လား..."

မြတ်မင်း အမေးကို သုသု စားပွဲမှာထိုင်ရင်း ရေနွေးအိုးအသေးလေးကို ငဲ့ကာ..။

"အင်း ဟုတ်တယ်... ခဏနေလာလိမ့်မယ်.. လာရင်  ကိုခန့် နဲ့မိတ်ဆက်ပေးမယ်နော်... "

"ဟုတ်ပီ ကိုယ်စောင့်နေမယ်... "

သုသု စကားကို မြတ်မင်း အပြုံးလေးနဲ့ပဲလက်ခံကာ ပြုံးပြလိုက်သည်...။

ဘေးနားမှာ ထိုင်နေတဲ့ နိုးနိုး နဲ့ ဇိုင်း ကတော့ ကြားထဲက ခေါင်းကြီးနေမိသည် ။ ဘာလို့ဆို ကိုခန့်က သုသု ကို ကြိုက်နေတာကို သုသု က တုံးလို့ မသိပေမယ့် ဘေးကလူဖြစ်တဲ့ နိုးနိုး တို့က သိသည်လေ ။ သုသု ရေနွေးပူကို သောက်ရန် လေမှုတ်လိုက်စဉ် အားပါသွားတာကြောင့် ထိုရေနွေးပူကရေစက်သေးသေးလေး သုသု မျက်လုံးထဲဝင်သွားသည်မို့..... ။

"အ့.... "

"ညီ ဘာဖြစ်တာလဲ.... "

မျက်လုံးကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့သုသု ကို ကြည့်ကာ မြတ်မင်း စိတ်ပူကာပြောသည်. .။

"ဘာမှမဖြစ်ပါဘူး... ကိုခန့် မျက်လုံးထဲ ရေစင်သွားလို့.. "

"မှန်း..ကိုယ် လေမှုတ်ပေးမယ် လာလာ... ကလေးလိုပဲကွာ ဂရုလဲမစိုက်ဘူး "

" ရ ရပါတယ် ကိုခန့် "

မြတ်မင်း သုသုကိုဆူပူသလိုလေး ပြောပြီး သုသု ထိုင်ခုံနားသွားကာ မြတ်မင်း နှုတ်ခမ်းကို သုသု မျက်လုံးနားတိုးသွားပြီး လေမှုတ်နေပေးသည် ။

ဇိုင်း ကားပါကင်မှာထိုးပြီးသည်နှင့် စားပွဲထိုးကိုနေရာမေးကာ VIP Room ဆီအမြန်လျှောက်လာခဲ့သည် အခန်းပေါက်၀ရောက်သည်နှင့်တွေ့လိုက်ရတဲ့မြင်ကွင်း။

သုသု မျက်နှာလေးကိုတစ်ခြားယောက်ကျားလေးတစ်ယောက်က တယုတယနဲ့ကိုင်ပြီး ကြည့်နေသည် ။ တဖြည်းဖြည်းထိုလူရဲ့မျက်နှာနှုတ်ခမ်းက သုသုမျက်နှာနဲ့နီးကပ်လာတာတွေ့ရတော့ ဇိုင်း ဒေါသတွေအစိုးမရတော့။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now