❤ ကိုကိုရဲ့ကလေးငယ် ၅၀ ❤

128K 6.8K 167
                                    

Unicode...
>>>>>>>>>

.
.

ကိုယ်ဝန် ၃ လ.....။

"ကိုကိုရေ..!!!"

"လာပီ ကလေး !! ...ဒီမှာ ကလေးစားချင်တဲ့ ဖရဲသီးချိုချိုလေးလဲ ရပြီ.. ကလေးစိတ်ကြိုက်စားလို့ရပြီဗျာ..."

ဇိုင်း ဖရဲသီးအလုံးကို အလည်ကပိုင်းပြီး ဇွန်းတစ်ချောင်းနဲ့ သုသုလေး ဆီအပြေးလေးလာသည်။
ဖရဲသီးကို အစိတ်လေးတွေစိတ်ပေးပါ့မယ်ဆိုတော့လဲ မရ ။ ဒီတိုင်းအလုံးလိုက်ကို ဇွန်းနဲ့စားချင်တယ်ပဲ ပြောနေလို့ ဇိုင်း မှာ ဖရဲသီးကို သေချောရေသန့်စင်အောင်ဆေးပြီး ထပ်ခြမ်းခွဲကာ ယူလာပေးရသည်။

သုသု ကိုယ်ဝန်ရှိကတည်းက သုသုကို ဘာတစ်ခုမှအထိခိုက်မခံနိုင်လောက်အောင်ဖြစ်နေရသည်။ ဇိုင်း ကိုယ်တိုင်လဲ ကုမ္ပဏီကိုမသွားတော့ပဲ သုသု အနားမှာသာနေပြီး  သုသု စားချင်တာလေးတွေကို ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ပေးသည်။

ကုမ္ပဏီ က အလုပ်တွေကိုလဲ အိမ်မှာပဲလုပ်ကိုင်သည်။ အရေးကြီး ကိစ္စမဟုတ်ရင် ကုမ္ပဏီကို ကျော်ထက်တို့နဲ့ပဲလွှဲထားသည်။

ဧည့်ခန်း စားပွဲမှာ စာရွက်စာတမ်းတွေ နဲ့အလုပ်ရှုတ်နေတဲ့ ဇိုင်း ကို ဖရဲသီးစားချင်တယ်လို့ ပူဆာတဲ့ ဗိုက်ဗိုက်လေး ကြောင့် ဇိုင်း ချက်ချင်းထကာ သွားပြင်ပေးရသည်။ အိမ်မှာ ဒေါ်ချိုအပြင် အလုပ်သမားတွေအများကြီးရှိနေပေမယ့် ကလေးနဲ့ပက်သတ်သမျှအားလုံးကို ဇိုင်း ကိုယ်တိုင်လုပ်ချင်တာကြောင့် ကလေး ကိစ္စအသေးမွားကအစ ဇိုင်း ကိုယ်တိုင်ပဲလုပ်ကိုင်သည်။

ဇိုင်း အလုပ်လုပ်နေတဲ့ ဘေးမှာ ဟာသကားဖွင့်ကြည့်ပြီး တင်မ​လွေချိတ်ထိုင်ကာ ပေါင်ပေါ်ကိုဖရဲသီးတင်ရင်း အားရပါးရ ဇွန်းနဲ့ခပ်စားနေတဲ့ ကလေးကိုကြည့်ကာ ဇိုင်း အသည်းတယားယားဖြစ်နေသည်...။

သုသု ကိုယ်ဝန်က ၂ လကျော် ၃ လထဲဝင်နေသည်မို့ သုသု ဗိုက်ကလေးက အရင်လို ပြားချပ်ချပ်ဖြစ်မနေပဲ ဆူမို့မို့လေးဖြစ်နေသည်။

အရင်က သုသု အတွက် ဝယ်ပေးထားတဲ့ တီရှပ်အကျႌလေးတွေသည်လဲ အခု သုသု ဝတ်လိုက်ရင် အရင်လိုအနေတော်ဖြစ်မနေပဲ ဗိုက်ကလေးမှာ ပူပွပွလေး ကပ်နေတတ်သည်။ ထို့ကြောင့် သုသု အတွက်နောက်ထပ်အကျႌအပွလေးတွေထပ်ဝယ်ပေးရန်စဉ်းစားပေမယ့် ချစ်ဖို့ကောင်းတဲ့ ကလေးလေးက အကျႌတွေထပ်ဝယ်ပေးမည်ကို ငြင်းကာ ဇိုင်း ရဲ့ တီရှပ်အကျႌဖားဖားကြီးကိုပင် ယူဝတ်တတ်သည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now