❤Extra ep 4❤

105K 5.8K 283
                                    

Zawgyi......... ။

ဇိုင်း ညနေစောင်းတော့ Company ကနေ စောစောပြန်လာပြီး ကျောင်းမှာ သားတို့ကို သွားကြိုလာခဲ့သည်......။

အိမ်ရောက်သည်နှင့် အဆင်သင့်ထွက်ကြိုနေတဲ့ ဇိုင်း ရဲ့ ချစ်ဇနီးလေးကိုတွေ့လိုက်ရတော့ အပြင် စိတ်ပူလောင်လာသမျှ သူလေးမျက်နှာက အပြုံးတစ်ချက်နဲ့တင် ပြီးပြည်စူံသွားသလိုပဲ.....။

"ကိုကို နဲ့ သားတို့ပြန်လာပြီ...."

သုသု သည်ဇိုင်းတို့အနားသွားပြီး ဇိုင်းရဲ့လက်ဆွဲအိတ်ကိုရော သားသားတို့ရဲ့ ကျောပိုးအိတ်ကိုပါ လှမ်းယူပေးသည်...။

"ပေးပါ ကလေးရယ်... ကိုကို သယ်ခဲ့ပါ့မယ် ကိုကို အိတ်က သားတို့ စာအုပ်တွေထက်လေးတယ်... ဒီလောက်အများကြီး ကလေးလက်တွေနာကုန်လိမ့်မယ်..."

"ဟုတ် အဲ့တာဆို ကိုကို ပဲ ယူခဲ့ပေးနော်..."

ဇိုင်း သည် သုသုလေးကို အကြင်နာပိုတဲ့ အသံလေးနဲ့ ပြောလိုက်တော့ သားသားတို့က ဇိုင်းတျု့နှစ်ယောက်ကို ကြည့်ကာ ပြုံစိစိ နဲ့ ရယ်နေသည်....။

ဇိုင်းသုတ နဲ့ နှိုင်းသုတ တို့ လူမှန်းသိတတ်စထဲက ပါးပါးကို သားသားတို့ထက် အကဲပိုတတ်တဲ့ Daddy ရဲ့ ပုံစံနဲ့ အကျွမ်းတဝင် ရှိပြီးသားမို့... ဒါက သားတို့နှစ်ယောက်လုံးအတွက် စိမ်းမနေတော့ပေ....။

"ကိုကို အခန်းထဲဝင် နားနားနေနေ  ​နေနှင့်နော်... ကလေး သားတို့ကို ရေချိုးဖို့ပြင်ပေးလိုက်ဦးမယ်...."

"အင်း ဟုတ်ပြီ ကလေး.. အေးဆေးလုပ် ရေချိုးခန်းထဲချော်လဲမယ်.. အရမ်းမလောနဲ့ အခုမှ အပြင်က ပြန်လာတာ ချက်ချင်းချိုးဖို့မလိုသေးဘူး..."

"ကလေး သိပါတယ် ကိုကိုရဲ့....."

သုသု သည် သားတို့အခန်းကို သွားကာ သားတို့နှစ်ယောက်လုံးကို ရေတစ်ခွက်စီသောက်စေပြီး အခန်းထဲမှာ သားသားတို့ဆာ့ထားတဲ့အရုပ်တွေကို ရှင်းလင်းလိုက်သည်....။

ပြီးသည်နှင့် သားတို့အတွက် ရေချိုးဖို့ ရေနွေးရေအေးသေချာစပ်လိုက်သည်....။

"သားကြီးနဲ့သားငယ်ရေ ဒီကိုလာတော့ ရေချိုးလို့ရပြီ ..."

သုသု ခေါ်လိုက်တော့ အပြေးအလွှားရောက်လာကြတဲ့ ကလေးတွေကိုကြည့်ပြီး သူတို့လေးတွေ ရေချိုးဖို့ပြင်ထားပေးခဲ့သည်....။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now