❤ ကိုကိုရဲ့ကလေးငယ် ၂၈ ❤

126K 8.8K 419
                                    

Unicode...
>>>>>>>>

.
.

ဇိုင်း မနက်က မြို့ပြင်ဆိုက်တစ်ခုမှာ အရေးကြီးစစ်ဆေးစရာရှိတာကြောင့်မို့ ကလေး ကို မခေါ်ပဲ ထားခဲ့ရတာ သိပ်စိတ်ချတာမဟုတ်။

ဆိုက်ထဲရောက်ပြီးကိစ္စတွေအတော်များများဖြေရှင်းပြီးသွားပေမယ့် ဘာကြောင့်မှန်းမသိ ဇိုင်း ရင်ထဲခဲဆွဲထားသလိုပင်လေးနေသည်။ ဖြေရှင်းစရာအကုန်ပြီးစီးတဲ့အထိ ရင်ထဲလေးလံနေမှု့ကပျောက်မသွားပဲ ပို၍ပင်ဆိုးလာသလိုမို့ ရုံးခန်းထဲရောက်သည်နှင့် နက်စ်တိုင်ကိုဖြေလျှော့ကာ စားပွဲပေါ်က ကလေးနဲ့အတူ အပန်းဖြေစံအိမ်မှာတုန်းကရိုက်ထားတဲ့ပုံလေးကို ယူကြည့်ပြီး..စားပွဲပေါ်ပြန်တင်လိုက်သည် ။ ရုတ်တရက် မထင်မှတ်ပဲ...

*ခွမ်းးး!!*

"ဟာ..."

ဇိုင်း..ကျကွဲသွားတဲ့ မှန်ဘောင်ဓာတ်ပုံလေးကိုနှမြောတသစွာပြန်ကောက်နေစဉ်..။

"Boss..."

အခန်းတံခါးပင်မခေါက်နိုင် မျက်နှာပျက်လျှက် ရုတ်တရက် ပြေး၀င်လာတဲ့ ကျော်ထက် ကိုကြည့်ရင်း..။ဘာများအရေးတကြီးဖြစ်နေလို့ပါလိမ့်။

"သ..သခင်လေး"

" ကလေးဘာဖြစ်လဲပြောလေ ! "

"သခင်လေး..မတော်တဆဖြစ်လို့ဆိုပြီး စံအိမ်ကဖုန်းဆက်လာတယ်"

"ဘာ..!"

*မဖြစ်နိုင်တာ မနက်ကတောင် ဇိုင်းကိုအလုပ်ကပြန်လာရင် မုန့်၀ယ်လာခိုင်းတဲ့ကလေးက*

"ကလေး ကလေးအခုဘာဖြစ်သွားသေးလဲ!! "

"အခု သခင်လေးက စံအိမ်မှာပဲ ကိုထွန်းမြတ်ကိုခေါ်ပြီး ဆေးစီးပေးထားတယ် တဲ့ ခေါင်းနည်းနည်းရှပ်ထိသွားတယ်ဆိုတော့ အခုထိသတိမရသေးဘူးပြောတယ်.."

ကြားလိုက်ရတဲ့စကားက ဇိုင်း ရင်ထဲကိုသံရေပူလောင်းချလိုက်သလိုပဲ။

*သတိမရသေးဘူးတဲ့လား ကလေးရယ် ကိုကို့အမှားပါ ကိုကို ကလေးကိုတစ်ယောက်တည်းမထားခဲ့သင့်ဘူး*

ဇိုင်း ဘာမှမစဉ်းစားနိုင်လောက်အောင် ဇိုင်းရင်ထဲထဲပူလောင်နေပြီ အခုနေဇိုင်းသိတာ ကလေးဆီသွားရမယ်ဆိုတာပင်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Unde poveștirile trăiesc. Descoperă acum