❤ ကိုကိုရဲ့ကလေးငယ် ၄၄ ❤🔞

159K 7.4K 716
                                    

Unicode...
>>>>>>>>

.
.

Weeding 👨‍❤️‍👨

မြန်မာနိုင်ငံမှာ လိင်တူစုံတွဲတရား၀င်ခွင့်မပြုသေးတာကြောင့် ဇိုင်းနဲ့သုသု မင်္ဂလာပွဲအတွက် နိုးနိုး ရယ် ကိုဇော်ရယ် ထွန်းမြတ်အပါအ၀င် ကျော်ထက်နဲ့၀န တို့အားလုံး ထိုင်းနိုင်ငံကိုရောက်လာခဲ့သည်။

အနောက်ဘက်မှာ စိမ်းစိုနေတဲ့ တောင်တွေ၀န်းရံပြီး အေးချမ်းတိတ်ဆိတ်ပြီး နေချင်စရာကောင်းတဲ့ ဒီအိမ်လေးဟာဆိုရင် ထိုင်းနိုင်ငံရဲ့အပူချိန်နဲ့ကိုက်ညီစွာ ဒေသကောင်းကောင်းမှာ၀ယ်ထားတဲ့ ဇိုင်း စံအိမ်ထဲကတစ်ခုပင်ဖြစ်သည်။

အခုတလော မင်္ဂလာဆောင်အတွက်အပြင်ဆင်ပုံစံတွေရွေးလိုက် ၀တ်စုံ တစ်စုံပြီးတစ်စုံပြောင်းလိုက် လုပ်နေရတာကြောင့် ဒီရက်ပိုင်း သုသု လေး အတော်ပင်ပန်းနေသည်။

ဇိုင်း ဘာသာလုပ်မယ် ကလေး ကူမလုပ်ပါနဲ့လို့တားသော်လဲမရ..။

ဇိုင်းတို့နှစ်ယောက်ဘ၀ရဲ့အရေးကြီးဆုံးကိစ္စတစ်ခုမို့လို့ ဇိုင်း တစ်ယောက်ထဲမလုပ်စေချင်ဘူးပြောကာ သူကိုယ်တိုင် ၀င်စီစဉ်ပေးတာမို့လဲ မတားချင်၍ နောက်ဆုံးလက်လျှော့လိုက်ရသူက ဒီကချစ်သူကြီးပါပဲ..။

အခုလဲကြည့် ပင်ပန်းပြီး ကားပေါ်မှာထဲက ဇိုင်း ရင်ခွင်ထဲတိုးအိပ်လာတာ အခုထိမနိုးသေးဘူး

*ဒီကလေး မအိပ်ရင်လဲတော်တော်နဲ့မအိပ်ဘူး အိပ်ပြီဆ်ိုရင်လဲ ဘာမှမသိတော့ဘူး မဖြစ်သေးပါဘူး နောက်ဆို ဇိုင်းအနားကလွဲပြီး ဘယ်သူ့နားမှယောင်လို့တောင် မအိပ်မိအောင်ထားဦးမှပါ*

ကျော်ထက်နဲ့၀န ထွန်းမြတ် နဲ့ နိုးနိုး တို့အတွဲအတွက် အကုန်စီစဉ်ပေးနေသည်မို့ ဇိုင်းကတော့ အိပ်ပျော်နေတဲ့ သုသုလေးကိုချီကာ အခန်းထဲသွားလိုက်သည် ။

"ကိုယ်တိုင်မလုပ်ပါနဲ့လဲပြောလို့မရဘူး ခုတော့ အိပ်ပုတ်ကလေး ပင်ပန်းသွားပြီ..ချစ်တယ် ကလေးလေး.."

            >>>>>>>>>>>>>>>>>>>>>>

ဘောလုံးကွင်းတစ်ကွင်းစာလောက်ကျယ်တဲ့ ခြံ၀န်းကျယ်ကြီးလိုနေရာမှာ ပင်လယ်ပြင်ကြီးကိုနောက်ခံအဖြစ်ထားပြီး ကြွရောက်လာမယ့်ဧည့်သည်တွေအတွက် အဖြူရောင်ခုံလေးတွေပြင်ဆင်ထားသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now