❤ ကိုကိုရဲ့ကလေးငယ် ၅၂ ❤

114K 6.9K 304
                                    

Unicode...
>>>>>>>>>

.
.

*​အော့... အော့ ထွီ...ဟင်းးး*

"ကိုကို အဆင်ပြေရဲ့လား ဟင်... "

ထမင်းစားခန်းဘေစင်မှာရုတ်တရက်ကြီး ထအန်နေတဲ့ ဇိုင်း ကို ကျောကုန်းလေးပွတ်ချပေးရင်း စိတ်ပူစွာပြောနေတဲ့ ကလေးငယ်။

သုသု ရဲ့အရမ်းစိုးရိမ်လွန်နေတဲ့ မျက်နှာလေးကြောင့် ဇိုင်း အန်ပြီးသားတွေကိုရေဖွင့်ချကာ ဆေးရင်း လက်ကာပြသည်။

"ရတယ် ကလေး ကိုကို အဆင်ပြေတယ် ဘာမှမဖြစ်ဘူးနော် စိတ်မပူနဲ့ ကလေး.. "

ဘာမှမဖြစ်ဘူး သာပြောတယ် အန်ထားတာ မျက်နှာတစ်ခုလုံးနီရဲပီး အန်ပါများတော့ ကိုကို့ မျက်နှာလေးတောင် ချောင်သွားသလိုဖြစ်နေသည်။ သုသု ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ကိုကို့မှာ တစ်ခုမဟုတ်တစ်ခု ဖြစ်လာတတ်သည်။

ကိုယ်ဝန်ရှိစက သရက်သီးနဲ့အချဉ်အစပ်အရမ်းကြိုက်တဲ့ သုသုက အခုအဲ့တာတွေကို လှည့်ပင်မကြည့်ချင် ငံပြာရည်အနံဆို လုံးဝကိုမခံနိုင်တော့အောင် ဖြစ်ပေမယ့်..ကိုကိုကတော့ အရင်က သုသု စားသလို သရက်သီးသုတ်အများကြီးကို အားရပါးရစားမှ ကျေနပ်သည်။

ပြီးတော့ ကိုကို့ အရင်က ကြိုက်တဲ့အစားသောက် ဟင်းတွေကိုလဲ လုံးဝမစားပဲ သူ့အတွက် သီးသန့် အစပ်နဲ့အချဉ်ပါတဲ့ ဟင်းတွေသာ ချက်ခိုင်းသည်။ သုသုအတွက်ကိုတော့ ကိုကို ကိုယ်တိုင် မီးဖိုချောင်ထဲဝင်ပြီး ကိုယ်တိုင်ချက်ပြုတ်ပေးသည်။

အခုရက်ပိုင်းဆို ပုံမှန် မိုးလင်း ချုပ်လဲ အန်နေပြီး ဘာမှစားချင်စိတ်မရှိလို့ ဓာတ်စားရေသောက်ပြီး အိပ်ရတဲ့နေ့ပင် ရှိလာတော့ သုသု စိတ်ပူလို့ ဆေးရုံ ဆေးခန်းသွားရန်ပြေသော်လည်းမရ ။

*ကလေး အနားကလွဲရင် ဘယ့မှမသွားချင်ဘူး.. ကိုကိုကယောက်ကျားပါ ဒီလောက်တော့ ခံနိုင်ရင် ရှိပါတယ် *

ပြောပီး မသွားပဲ ပေတေပြီးသာ သုသုအနားမှာပဲနေသည်ကြောင့် နောက်ဆုံး ဆေးရုံ ဆေးခန်းမသွားပြချင်လဲအကိုထွန်းမြတ်ကိုခေါ်ပြီး စစ်ဆေးပါ မခေါ်ရင် သုသု စိတ်ဆိုးမယ် ဟု ခြိမ်းခြောက်လိုက်တော့မှ အကိုထွန်းမြတ်ကို ချက်ချင်းဖုန်းခေါ်ပြီး စစ်ဆေးသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now