❤ ကိုကိုရဲ့ကလေးငယ် ၇ ❤

184K 12.2K 203
                                    

Unicode...
>>>>>>>>>

.
.

ဇိုင်း ဆေးအရှိန်ကြောင့်ဘယ်လောက်တောင်အိပ်ပျော်သွားလဲမသိ ဘေးကတိုင်ကပ်နာရီကိုလှမ်းကြည့်တော့ညနေ ၃ နာရီတိုးနေပြီမို့ ထရန်ပြင်လိုက်စဥ် နံဘေးကလှုပ်စိလှုပ်စိနဲ့မို့ ဘေးကိုကြည့်လိုက်သည် ဇိုင်းဘေးနားမှာအိပ်မောကျနေတဲ့ကလေးငယ်ဟာ အိပ်နေရင်းတောင်ပြုံးစိစိဖြစ်နေတော့သည် ။

*အာ ဟုတ်သားပဲ နေ့လည်က ကလေးငါ့ကိုစောင့်အိပ်ပေးတာပဲ*

မွေးကင်းစကလေးတစ်ယောက်လိုဖြူဖွေးတဲ့အသားရေလေးတွေက တစ်ခါတစ်လေမထိရက်မကိုင်ရက်လောက်အောင်ကိုနူးညံ့လွန်းသည်။ အိပ်တာတောင် ဇိုင်း ဘက်လှည့်အိပ်ပေးတဲ့ကလေးကို ဇိုင်း တစ်၀ကြီးထိုင်ကြည့်နေမိသည်။ နှာဖူးပေါ်ကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်ပြီးပေါ်လာတဲ့နှာဖူးပြင်လေးကို ဇိုင်း အမြတ်တနိုးဖွဖွလေးနမ်းရှိုက်သည်။

ထိုအချိန်တွင် စားပွဲပေါ်ကဖုန်းသံကြောင့် ဇိုင်း စိတ်ပျက်သွားသည် ခေါ်တဲ့လူကတော့....

"ဘာလဲ"

ဇိုင်း ဆောင့်အောင့်ပြီးဖြေလိုက်သည်။

"ယျောင့် ဇိုင်း မင်းအသံကြီးကလဲကွာ ဘာတွေမကျေမနပ်ဖြစ်နေပြန်ပြီလဲ အကြာကြီးနေမှတစ်ခါ ဖုန်းခေါ်တဲ့ငယ်သူငယ်ချင်းကိုပြေပြေလည်လည်ပြောလို့မရဘူးလား ငါ့မှာတော့ မင်းကိစ္စတွေပြီးလို့အခုမှ နားရတယ်"

ဟုတ်ပါတယ် ဇိုင်းရဲ့မူလတန်းထဲကသူငယ်ချင်း ထွန်းမြတ် ဇိုင်းအပေါ်အနွံတာခံသလို ဇိုင်းနဲ့အတွင်းသိအဆင်းသိလိုဖြစ်နေတာကြောင့် သူရှေ့မှာဆိုဘာကိုမှလျှိုဝှက်ချက်မထားဖြစ်။

ထွန်းမြတ်က ဇိုင်း လိုစီးပွားရေးဝါသနာမပါ။မိဘတွေသဘောအရဆေးကျောင်းအောင်ဆရာ၀န်တစ်ယောက်ဆိုပေမယ့် ဆန့်ကျင်ဘက်အနေနဲ့သူဝါသနာပါတဲ့ ​ရှေ့နေအလုပ်ကိုလုပ်နေသူတစ်ယောက် ထွန်းမြတ်မိဘတွေက ဇိုင်း တို့လောက်မဟုတ်ပေမယ့် စီးပွားရေးလောကမှာ တွင်ကျယ်တဲ့ထဲမှာပါသည်။

ထွန်းမြတ်သည်အခုအခါမှာ ဥပဒေလောကမှာဘုရင်တစ်ဆူဖြစ်ပြီးသူရှုံးဖူးတဲ့အမှုနည်းသည် သက်သေ အချက်အလက်အပြည့်စုံဖြစ်မှကိုင်တွယ်တတ်သည်။ အဲ့တာကြောင့်မို့လဲ ရှေ့နေကြီးဦးထွန်းမြတ်ဆိုပြီးဥပဒေလောကမှာဘုရင်ဖြစ်နေတာပေါ့။ အခု သူကဇိုင်းရဲ့ပင်တိုင်ရှေ့နေတစ်ယောက်အဖြစ်ရထားတာက ကံကောင်းတယ်ပဲဆိုရမလားပဲ။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now