❤ ကိုကိုရဲ့ကလေးငယ် ၂ ❤

167K 12.4K 210
                                    

Unicode...
>>>>>>>>

.
.

ဒီနေ့ကျောင်းတွင် အရေးကြီးတဲ့အစည်းအဝေးတစ်ခုရှိသည်မို့ ကျောင်းသူကျောင်းသားတိုင်းကို ကျောင်းအုပ်ကြီးကိုယ်တိုင်ဆင်းလာပြီးခေါ်ထားတာမို့ ဇေသုတ အတွက်လဲ စောစောထပြီးအမှီရောက်ရန်တိုက်ပွဲဝင်ရမယ့်နေ့တစ်နေ့ဖြစ်သည် ။ ဒါ့ကြောင့် အိမ်မှာလုပ်ပိုင်ပေးစရာများကိုလုပ်ပေးပြီး စောစောသွားရမည် ။

ပညာသင်ဆုအတွက်ကျောင်းကပေးတဲ့ ကျောင်းကပေးတဲ့ပညာသင်ဆုအတွက်ကြိုးပန်းနေရတဲ့အတွက် သတ်မှတ်ထားတဲ့အမှတ်တွေကိုမလစ်ဟင်းအောင်ကြိုးစားသော်လဲ တစ်ခါတလေကျောင်းနောက်ကျတာကတော့ ရှောင်လွဲလို့မရခဲ့ပေ ။ စာတော်ပြီး အမြဲတမ်းအတန်းထဲမှာ အဆင့် ၁ ရတဲ့အပြင် ယဉ်ကျေးလိမ်မာတဲ့အတွက်
ဇေသုတ ကိုကျောင်းကဆရာ/ဆရာမတွေအားလုံးကချစ်ကြတယ်။

ကျောင်းနောက်ကျတဲ့အကြောင်းရင်းကိုလဲသိနေတဲ့အတွက် ဆရာ/ဆရာမတွေအပြင် အားလုံးကမသိချင်ယောင်ဆောင်ထားပေးသည်။

* မေမေနဲ့ဖေဖေကိုကျေးဇူးတင်ရမယ်မျက်နှာမြင်ချစ်ခင်ပါစေ ..ဆိုတဲ့ဆုနဲ့ပြည့်အောင်မွေးပေးခဲ့လို့ ဟီးး *

ဇေသုတ တစ်ယောက် စိတ်ထဲ၀င်ပြောရင်း ရယ်နေမိသည်။

" ဟဲ့..ဒီနေ့ခါတိုင်းထက်စောလို့ပါလား..စောစောစီးစီးမျက်နှာကဘယ်လိုဖြစ်နေတာလဲ..ယောက်ကျားလေးဖြစ်ပြီးတည်တည်ငြိမ်ငြိမ်မရှိ "

ထုံးစံအတိုင်း သုတ အဒေါ်ဖြစ်သူရဲ့အပြောကနေတော့ ဘယ်တော့မှမလွတ် ။

* အဒေါ်ဆိုသည်မှာလဲ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ဆူမယ်ဆိုတာချည်းပဲ *

ထိုသို့စိတ်ထဲမှာပြောလိုက်ပေမယ့်လည်း အပြင်ဖက်မှာတော့မပြောရဲပါ .. အပြင်မှာပြောကြည့်ပါလား ခေါင်းဘုရားဖူးလှည့်သွားလိမ့်အောင်ခေါက်လိမ့်မယ်...။

" မဟုတ်ပါဘူးဒေါ်လေး ညက သား ကြည့်တဲ့ကာတွန်းကားအကြောင်းတွေးမိသွားလို့ .. ဒေါ်​လေးဗိုက်ဆာပြီလား သားပြင်ထားပြီးပြီ ..သားကျောင်းသွားတော့မယ်..."

သုတ ပြောစရာရှိတာပြောပြီး ဦးအောင်ထွက်လာခဲ့တယ် ကျောင်းရောက်သည်နှင့် ကန်တင်းဘက်လျှောက်လာသည် ။ ဒီချိန်ဆို မမနိုး နဲ့ ကိုဇော် တို့ရောက်နေပြီဆိုတာသိသည်လေ ..သူတို့ကကျောင်းနဲ့ကပ်လျှက်မှာနေတာဆိုတော့ ဘယ်တော့မှနောက်မကျ။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now