❤ ကိုကိုရဲ့ကလေးငယ် ၄ ❤

189K 14.4K 1.3K
                                    

Unicode...
>>>>>>>>

.
.

သုသု အသံထွက်ပြီးကိုယ့်ကိုယ်ကိုအားပေး၍
ထိုလူ၏ကျယ်သီးကိုတစ်လုံးချင်းဖြုတ်နေ​တော့သည်။

ကျယ်သီးတစ်လုံးဖြုတ်ပြီးတိုင်းမြင်ရတဲ့ တောင့်တင်းနေသေးကြွက်သားတွေကြောင့် ယောက်ကျား မိန်းမ ထိတွေ့မှု့မရှိဖူးတဲ့ သုသု အတွက် အရမ်းရှက်စရာဖြစ်နေခဲ့သည် ။ သို့သော် လက်ရှိမှာ ထို့လူဒဏ်ရာက အရေးကြီးသည်မဟုတ်လား ထို့ကြောင့် အကျီချွတ်ပြီးတာနဲ့ ဗိုက်အောက်ဖက်မှာရှိနေတဲ့ ဒဏ်ရာကိုစစ်ကြည့်လိုက်သည် ။

"ဟူးးး တော်ပါသေးရဲ့ ဒဏ်ရာကအရမ်းအကြီးကြီးမဟုတ်လို့ အဲ့လောက်ဆိုရင်တော့ သုသု ပါလာတဲ့ဆေး နဲ့ ဒဏ်ရာနည်းနည်းသက်သာအောင်ဆေးထည့်ပေးမယ်နော် "

တစ်ယောက်တည်းရေရွတ်ကာပြောပြီး ဒဏ်ရာကိုပရင်ဆုံးပိုးသတ်ရန်အတွက် ဂွမ်းတို့ပြီးသန့်စင်ပေးတော့ ထိုလူစပ်လို့ထင်တယ် မျက်မှောင်ကျုံပြီးတွန့်ခနဲဖြစ်သွားတယ်။ ဇေသုတ သည် ကိုယ်တိုင်ကငယ်ရွယ်တဲ့ကလေးတစ်ယောက်မို့ ဒီလိုဒဏ်ရာကိုသေချာလုပ်ပေးနေရင်း နောက်ထပ်မနာကျင်စေရန်အတွက်နှုတ်ခမ်းလေးနဲ့လေမှုတ်ပေးရင်းလုပ်ပေးနေသည် ။

"အရမ်းစပ်ပြီးနာနေလားဟင်.. သုသု ကတစ်ခါမှမလုပ်ဖူးလို့ပါ ပြီးတော့ ဒီလောက်ကြီးတဲ့ဒင်္ဏရာလဲတစ်ခါမှမမြင်ဖူးဘူး တောင်းပန်ပါတယ်နော် ...သုသု ဒီ့ထက်ပိုလုပ်တတ်ခဲ့ရင် ကိုကို့အနာ နည်းနည်းပိုသက်သာမှာ"

ပြောရင်းမျက်ရည်လေး၀ဲရင်း သုသု စိတ်မကောင်းဖြစ်နေမိသည်။

သုသု ရဲ့ နဂိုတည်းက စိတ်ရင်းလေးက အရမ်းဖြူစင်ပြီး သနားကြင်နာတတ်သူမို့ အခုလို အခြေနေမှာ ဖြစ်နိုင်ရင် သုသု ထိုလူရဲ့ဒဏ်ရာကို မြန်မြန်သက်သာစေချင်ပါသည် ။ ဒဏ်ရာကိုပိုးသတ်ပြီးတာနဲ့ ပါလာတဲ့ဆေးကိုသေချာထည့်ပေးလိုက်သည် ။

ဒဏ်ရာကကြီးတာမို့နာကျင်တာမျိုးမဖြစ်စေရန် ပါလာတဲ့ကိုက်ခဲပျောက်ဆေးတစ်လုံးဖောက်ပြီးလက်ထဲထည့်ကာ သူ့ကျောလွယ်အိတ်ထဲမှာပါလာတဲ့ရေဗူးနဲ့အတူထုတ်တိုပ်ရန်ပြင်ပြီးမှ တစ်ခုတွေးမိသွားသည် ။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now