Raison d'être

5.2K 220 11
                                    

Raison d'être
(n.) the most important reason for someone's existence.
- တစ်စုံတစ်ယောက်ရဲ့ ဖြစ်တည်မှုအတွက် အရေးအပါဆုံး အကြောင်းပြချက် ။

.......................

" Uncle J ! "

" Violet .. ရောက်ပြီလား "

ဆယ့်ငါးနှစ်အရွယ် ကလေးမလေးက ခြံထဲမှာ စာထိုင်ဖတ်နေတဲ့ သူ့ဆီကို ‌လာပြီး ဘေးနားမှာ လာ၀င်ထိုင်သည် ။

" ပြောပါဦး .. သင်္ချာအမှတ်က ဘယ်လိုနေလဲ "

" 100ရခဲ့တယ် ။ မာမီ့ကို ပြောပြီး ဒီကိုအပြေးလာခဲ့တာ ။ Uncle J သင်ပေးတာ တော်လို့ပါ "

" စာလုပ်တဲ့သူလည်း တော်လို့ပါဗျာ "

သူက အဲ့လိုပြောတော့ Violetက ရယ်တယ် ။
ဒီနေရာကို စပြောင်းလာတုန်းက Violetက ခြောက်နှစ် ။
အချိန်တွေက ဆယ်နှစ်တောင် ကြာခဲ့ပြီ ။

" Uncle J "

" ဟင် "

တစ်ခုခု တွေးတော့မလို့ ပြင်နေတုန်း ခေါ်လာသံကြောင့် သူလှည့်ကြည့်မိသည် ။ တစ်ခုခုကို စူးစမ်း သိချင်ဟန်တွေက ဆယ့်ငါးနှစ် သမီးရဲ့ မျက်လုံးထဲမှာ အပြည့် ။
သူ ပြုံးမိသွားတယ် ထင်သည် ။

" မနေ့က Uncle J ပြောတဲ့ raison d'être ရဲ့ အဓိပ္ပာယ်ကို ရှင်းပြဦး .. ပြီးတော့ Uncle Jက အဲ့တာနဲ့ ပတ်သက်ပြီး ပြောပြစရာလည်း ရှိတယ်ဆို "

" မှတ်မိနေတာပဲ "

" မနေ့တည်းက သိချင်နေတာ Uncle Jကမှ မအားတာ "

" raison d'être , the most important reason for someone's existence. 'တစ်စုံတစ်ယောက်ရဲ့ ဖြစ်တည်မှုအတွက် အရေးအပါဆုံး အကြောင်းပြချက်' ပေါ့ ။ အကြောင်းပြချက် မရှိနေနိုင်ဘူးလို့ ထင်နိုင်ပေမယ့် ကြီးလာတဲ့အခါ သိလိမ့်မယ် ။ အသက်ရှင်နေနိုင်ဖို့ လူတွေက အကြောင်းပြချက် တစ်ခုခုကို မြဲမြဲဆုပ်ကိုင်ထားနေကြရတဲ့အကြောင်း .. "

Violetက အကြာကြီး ငြိမ်နေပြီးမှ အဓိပ္ပာယ်လေးကို ပြန်ပြီး ရေရွတ်ကြည့်သည် ။ ကလေးမရဲ့ မျက်၀န်းတွေက သိချင်တာ တစ်ခုကို သိလိုက်ရတော့ ကျေနပ်သွားဟန် ရှိပေမယ့် ပိုပြီး သိချင်လာတာကို သူမြင်နေရသည်လေ ..။

" တစ်စုံတစ်ယောက် ဆက်ပြီး အသက်ရှင်နေဖို့ အရေးကြီးတဲ့ အကြောင်းပြချက်ဆိုတာမျိုးလား .. "

Selenophile || NoMinWhere stories live. Discover now