Serendipity

1K 123 6
                                    

Serendipity
(n.) Finding something good without looking for it

......................................

မူးနောက်နေသည့်ခေါင်းနှင့် ချွေးရွှဲနေသည့် ခန္ဓာကိုယ်က ထူကိုမထူချင် ။

ပတ်တီးနဲ့ ဖြစ်သလို ပတ်ထားသည့် ဒဏ်ရာက အနာရင်းပြီး အဖျားတက်လာတာ မနေ့ညကတည်းက ။
ဆေးသောက်လိုက်ရင် ပျောက်သွားပြီ ထင်ပေမယ့် ပုံမှန်အတိုင်း မဟုတ်ဘဲ အခုတော့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို ။

ပူခြစ်တောက်နေသည့် ကိုယ်ပူရှိန်က ဘယ်လောက်‌ဆိုးသလဲဆိုတာ မူးနောက်နေသည့် ခေါင်းက သူ့ကို ပြောပြနေသည် ။

အင်္ကျီလဲပြီး အိပ်ရာပေါ် ပြန်တက်ပြီးသည်အထိ တစ်ယောက်တည်း ကြိတ်ခံနေသေးပေမယ့် နေလို့မရတဲ့အဆုံး DongHyuckကိုပဲ ဖုန်းလှမ်းဆက်လိုက်တော့သည် ။ သူ ဘယ်လိုမှ မခံနိုင်တော့ ..။

" Hello "

" DongHyuck ah "

" Jaeminnie မင်းအသံ ..? မင်းဘာဖြစ်နေတာလဲ "

အသံက ကွဲအက်အက် ဖြစ်နေသည်ကို သူ့ဘာသာလည်း သိသည် ။ ဒီအတိုင်းကြားရုံနဲ့တင် သူဘာဖြစ်နေလဲဆိုတာ DongHyuckkieက သိသူမို့ တော်သေးသည် ။

" ငါ့ဆီ လာပေးလို့ရမလား ။ ငါအဖျားတွေ တက်နေတာ ထင်တယ် မူးနောက်နေတာပဲ .. အိမ်မှာလည်း ဘယ်သူမှ မရှိလို့ .."

" ငါ .. ငါက ဒီနေ့ .. မဟုတ်ဘူး .. ငါကြည့်စီစဉ်လိုက်မယ် "

" အိမ်တံခါးက ဖွင့်ထားတယ် မနေ့ညကတည်းက မပိတ်မိလို့ .. "

" အင်း .. ဂရုစိုက်နေဦး မင်းအခု ဘယ်မှာလဲ "

" အိပ်ရာ..ပေါ်မှာ "

" ငါ စီစဉ်လိုက်မယ် "

" အင်း .. "

ပြောပြီး သူဖုန်းချလိုက်မိသည် ။ အိမ်တံခါး ဖွင့်ထားကြောင်းပြောပြီး ခြံတံခါးသော့က စာတိုက်ပုံးထဲမှာ အပိုရှိကြောင်း သူမပြောခဲ့မိ ။
ဒါပေမယ့် အဲ့တာကို တွေးနေရင်းနှင့်ပင် သူပြန်ပြီး အိပ်ပျော်သွားရတော့သည် ။

" Jaemin ငါရောက်ပြီ "

လှုပ်နိုးလာသည့် လက်တစ်ဖက်က သိပ်ကိုအေးစက်စက် ၊ ဒါမှမဟုတ် သူကပဲ ပူလွန်းနေတာများလား ..။
DongHyuckက ရောက်လာတာ မြန်သလား နှေးသလား သူမသိ ။
သူအိပ်ပျော်သွားတာ ဘယ်လောက်ကြာပြီလဲ ဆိုတာကိုပါ မသိပါ ။

Selenophile || NoMinWhere stories live. Discover now