Selcouth
(Adj.) Unfamiliar..............................................
" Jaeminnie "
ကျောင်းထဲကို ခြေချလိုက်တာနဲ့ နောက်ကလိုက်လာတဲ့ ခေါ်သံက နှစ်ယောက်မရှိတဲ့ Jenoဆီက ။
ထွက်သွားလိုက်ရမလား .. ဆက်ပဲနားထောင်နေရမလား သူဝေခွဲမရပါ ။ Jenoအနားမှာ နေလေ သူဘာကိုမှ ထုတ်မပြောဘူးဆိုတာ အာမမခံလေ ဖြစ်လာမှာ ဖြစ်သည် ။
" မင်းမျက်နှာ .. "
ဖူးယောင်နေလောက်တဲ့အထိ မပြင်းခဲ့တဲ့ ရိုက်ချက်ပေမယ့် အသေးစိတ်ကအစ လိုက်ကြည့်နေတတ်သည့် Jenoအကြောင်းကို သူမေ့သွားခဲ့သည် ။
" Jen ငါသွားစရာရှိလို့ "
တက္ကသိုလ်ထဲကနေ ပြန်လှည့်လိုက်တဲ့ ခြေလှမ်းတွေက ဦးတည်ရာမဲ့ ။
ဖမ်းဆွဲလိုက်သည် ထင်သည် .. သူ့လက်အနားတော့ လေကလေး ဖြတ်တိုက်သွားသေးသည် ။
/ တောင်းပန်ပါတယ် .. /
ဦးတည်ချက်မရှိ လျှောက်သွားရင်း ဟန်မြစ်ဘေးကို ရောက်သွားတော့ တွေ့သည့်နေရာ ထိုင်ချလိုက်မိသည် ။
သူ့ရင်ဘတ်ထဲမှာ လေးနေတာတွေ ဘယ်သူသိနိုင်မလဲ ..
သူကိုယ်တိုင်တောင် အသေအချာ မသိတော့ပါ ။ခုနက Jenoရဲ့ မျက်၀န်းတွေက စိတ်ပူနေခဲ့တာ ..
သူက ရှောင်ဖယ်လာခဲ့ရ ။မနေ့ကအထိ .. မနေ့ညကအထိ သူပျော်မွေ့နေခဲ့တဲ့ မျက်၀န်းတွေမဟုတ်ပါလားလေ ။
ရုတ်တရက်ဆန်တဲ့ အခြေအနေတွေကို Jenoက နားလည်နိုင်ပါ့မလားလို့ တွေးမိတော့ အသံထွက်အောင်ကို အော်ရယ်မိလိုက်ရသည် ။
" ဟား .. Na Jaemin ရူးလိုက်တဲ့ကောင် "
ဟုတ်တယ် .. ရူးနေတာလေ .. သူက ။
Hoodie အမည်းရောင် လက်ရှည်က မနေ့ညက ရထားတဲ့ ဒဏ်ရာတွေကို အပြည့်အ၀ ဖုံးပေးထားသည် ။
လုံခြုံမှု ရှိနေသည်ဆိုသည့် ခံစားချက်က ကောင်းပေမယ့် သူသဘောကျမနေခဲ့ပါ ။
ဓားဒဏ်ရာတွေက ရယ်စရာကောင်းနေတာ ပိုပြီး ..
သတ္တိကြောင်တဲ့ကောင်အတွက် ရရှိသင့်တဲ့ ပြစ်ဒဏ်တွေများလား ..။