Eternal

1.7K 141 8
                                    

Eternal
(n.) lasting or existing forever; without end.

............................

ချစ်စခင်စ အချိန်က အရင်က‌နဲ့ မတူဘူး ။
သူ့ကို အတည်တကျ စကားတွေပြောတတ်လာတဲ့ ၊ ခဏခဏ သူ့ကို ဖက်တွယ်လာတဲ့ ၊ ဟိုးအရင်တုန်းကလို အားရပါးရ ရယ်မောတတ်လာတဲ့ ၊ သူ့အနားနား ကြောင်လေးလို ခွေခေါက်နေတတ်လာတဲ့ ဟန်နီ့ကို သူက တစ်ခါတစ်ရံ အစစ်အမှန်လို့ မခံစားရဘူး ။

ထပ်ပြီး ပျောက်ဆုံးသွားမှာကို ကြောက်တဲ့စိတ်က အချိန်တိုင်း ၀င်နေတာ ဒီတစ်လကျော်အတွင်းမှာ ။

တစ်ခါ .. တစ်ခါ ဟန်နီက သူ့ကို ဒီလိုမျိုး ပြုံးရယ်နေပြီးမှ ထားရစ်ခဲ့ဖူးတာကို သူက အမှတ်ရနေတုန်းပဲ ။
ပျော်ရွှင်နေတဲ့ ဟန်နီ့ကို ကြည့်ရင်း လိုက်ပြီး ပြုံးရယ်နေမိပေမယ့် ကြောက်ရွံ့စိတ်က စိုးမိုးလာတိုင်း သူ့ဟန်နီ့ကို တိုးပြီး ဖက်မိရသည် ။

Mark Hyungတို့ အကုန်လုံးက Violetတို့အိမ်ရောက်နေတော့ ပျင်းတာနဲ့ ရုပ်ရှင်ကြည့်ချင်လို့ဆိုပြီး ဆိုဖာပေါ် ကျကျနနထိုင်နေတဲ့ ဟန်နီ့ရဲ့ပေါင်ပေါ်ကို ပန်းကန်လုံးအကြည်နဲ့ ပေါက်ပေါက်ဆုပ်တွေ ထည့်လာပြီး တင်ပေးတော့ သဘောတကျ ပြုံးပြလာသည် ။

ဆိုဖာဘေးက နေရာအလွတ်မှာ ၀င်ထိုင်ရင်း ဆိုဖာခုံနောက် လက်ကိုဆန့်တန်းမိတော့ ရင်ဘတ်ထဲ သူ့အလိုလို ၀င်ရောက်လာသည့် ဟန်နီက တိုးတိုးဝှေ့ဝှေ့နဲ့ အချွဲသန်တဲ့ ကြောင်ပေါက်ကလေး ။

" သဘောကျလား "

ပြုံးရယ်နေလို့ ရုပ်ရှင်ကို သဘောကျလား မေးမိပေမဲ့ သူ့မျက်လုံးတွေထဲကို ဆင်းသက်လာတဲ့ စွဲညို့ညို့အကြည့်တွေကြောင့် Jenoက ငြိမ်သက်သွားမိရသည် ။

" ငါ မင်းနဲ့ ဒီလိုရှိနေရတာကို သဘောကျတယ် .. "

အမေးတခြား ၊ အဖြေတခြားဖြစ်ပေမဲ့ တည်တည်တံ့တံ့ကလေးဖြေလာသည့် ဟန်နီ့ရဲ့ လေသံအသွားအလာကို သူက ခံစားမိရသည် ။
ဆွေးဆွေးလေး မဟုတ်ပေမယ့် ငေးငေးလေး ပြောနေခြင်းတွေ ..။

" ငါရောပဲ .. "

နှုတ်ခမ်းစွန်းလေး ကော့တက်ရုံ ပြုံးလာတဲ့ ဟန်နီက အဲ့ဒီအတိုင်းလေး သူ့ကိုငေးကြည့်နေတုန်းပဲ ။

Selenophile || NoMinWhere stories live. Discover now