ကျေးဇူးတင်လွှာ

899 105 5
                                    

Raison D'êtreကနေစလို့ နောက်ဆုံးပိုင်း Selenophileအထိ အတူတူလိုက်ပါလာပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတကယ် အများကြီးတင်ပါတယ် ။

Fic Titleအတွက် နာမည်လိုက်ရှာတော့ Rare Wordsတွေထဲက သုံးမယ်ပေါ့ တွေးပြီး ရှာရင်းကနေ ဟိုစာလုံးလည်းကြိုက် ၊ ဒီစာလုံးလည်းကြိုက်နဲ့ Titleတင် မဟုတ်ဘဲ အပိုင်းတစ်ခုချင်းစီတိုင်းကို Rare Wordsတွေသုံးဖို့ အကြံရသွားခဲ့တာပါ ။
အဲ့ဒီကနေ ထူးထူးခြားခြားဖြစ်သွားခဲ့တာပေါ့ ။

June 8မှာ စခဲ့တဲ့ Selenophileလေးက August 24မှာတော့ သေသေချာချာလေး အဆုံးသတ်သွားပါပြီ ။
နှစ်လကျော်ကျော်လေးပဲ ဆိုပေမယ့် သံယောဇဉ်တွေအများကြီး တွယ်ခဲ့ရပါတယ် ။
" ရေးခဲ့သမျှ စာအုပ်တွေတိုင်းထက် Selenophileကို နင်က ပိုချစ်တယ်ထင်တယ် " ဆိုပြီးတော့ သူငယ်ချင်းတစ်ယောက်ဆီကနေ ကြားရလောက်အောင် ဒွန်းကိုယ်တိုင်လည်း Selenophileကို တကယ်မြတ်မြတ်နိုးနိုးပါပဲ ။

အကုန်လုံးသိတဲ့အတိုင်း Selenophileက တစ်ချိန်လုံး ပျော်စရာ ဇာတ်လမ်း မဟုတ်ခဲ့ပါဘူး ။
စာဖတ်သူတွေက ငိုရလို့ ပြောတဲ့အချိန်မှာ ရေးနေရင်း ခဏခဏငိုခဲ့တဲ့ စာရေးသူမို့ တကယ်နားလည်ပါတယ် ။

ရေးနေရင်း ပင်ပန်းခဲ့ရပေမယ့် .. မထင်ထားလောက်အောင် ချစ်ပေးကြလို့လည်း ပျော်ခဲ့ရပါတယ် ။

သဘောကျတဲ့ ဇာတ်သိမ်းလှလှလေး ဖြစ်ပါ့မလား စိုးရိမ်ပေမယ့် အကုန်လုံးရဲ့ ရင်ထဲမှာ Selenophileလေးကို မှတ်မိနေပေးကြရင် တကယ်ပဲ ပျော်လှပါပြီ ။

အတူတူငိုပြီး အတူတူပျော်ခဲ့ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ဒီနေရာကနေ အချစ်တွေအများကြီး ပေးပါရစေ ။

ချစ်ခြင်းမေတ္တာကို ၊ ဒီဇာတ်လမ်းလေးကို လှလှပပ ပုံဖော်နိုင်ခဲ့လား မသေချာပေမယ့် ချစ်ပေးတဲ့သူတွေ အများကြီးကြောင့် ကောင်းကောင်း အဆုံးသတ်နိုင်ခဲ့ရပါတယ် ။

အိုင့်ရဲ့ ပထမဆုံး completeတဲ့ NoMin / JenJaem ficလေး ဖြစ်လာပါပြီ Selenophileက ❤️

Reviewရေးပေးထားတာတွေတွေ့ရင် တကယ် သဘောကျလွန်းလို့ တအားပါပဲ ။
Selenophileက အချစ်ခံလေးဆိုပြီး အိုင့်မှာပျော်ရ 🥺
တွေ့ရင်လည်း လာပြကြပါဦး ><

ဒီနေရာအထိ အတူတူလိုက်ပါလာပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ် ❤️

Selenophile || NoMinWhere stories live. Discover now