Laconic

1.1K 156 3
                                    

laconic
(adj.) Expressing much in few words
- စကားလုံးနည်းနည်း‌ထဲနှင့် အများကြီး ဖော်ပြနိုင်သော

.........................

" Hello .. "

" အင်း .. သူအိပ်နေလို့ "

" အဖျားတော်တော်ကျသွားပြီမို့ စိတ်မပူလည်း ဖြစ်ပါပြီ "

" ရတယ် ငါရှိနေမှာ "

" Fighting "

DongHyuckက စိတ်ပူပြီး ခဏနားချိန် ဖုန်းဆက်လာတာမို့ သူက အခန်းထဲက ထွက်ပြီး စကားသွားပြောနေမိသည် ။

ဆေးသောက်ပြီး အိပ်ပျော်နေတဲ့ Jaeminအနားမှာက ထိုင်စရာနေရာ ကုတင်ဘေးလေးပဲ ရှိတာမို့ Jenoက ကုတင်ဘေးနားလေးမှာ ၀င်ထိုင်နေရသည် ။

ကွေးကွေးလေး ဖြစ်မနေတော့သည့် Jaeminက ပက်လက်ကလေး အိပ်နေသည်မို့ သူ သဘောတကျ ပြုံးမိရသည် ။

နဖူးပေါ်ဝဲကျနေသည့် ဆံပင်အမည်းရောင်လေးတွေက တက္ကသိုလ် ပထမနှစ်တုန်းက Blondeတစ်ခါ ၊ ပန်းရောင်တစ်ခါ ဆိုးခဲ့ဖူးသေးသည် ။

အပြုံးအရယ် အများကြီးနှင့် တောက်ပနေခဲ့သည့် Na Jaeminရဲ့ အဲ့ဒီနေ့ရက်တွေမှာ သူတစ်စိတ်တစ်ပိုင်း ပါ၀င်နေခဲ့တာက ကျေးဇူးတင်စရာပင် ။

အဲ့ဒီအချိန်တုန်းက ဟန်နီက အဖြူရောင် ပစ္စည်းလေးတွေဆို သိပ်သဘောကျတတ်သည် ။ ဆံပင်ပန်းရောင်လေးနဲ့တုန်းက ဖိနပ်အဖြူ ၊ ဆွယ်တာအဖြူလေး ၀တ်ပြီး ကလေးလေးလို အဖြူလုံးလေး လုပ်ခဲ့သေးတာက အမှတ်တရပင် ။

ဆံဖျားလေးကစလို့ ခြေဖျားနုနု‌ကလေးအဆုံး တမြတ်တနိုးချစ်ရလွန်းလို့ သူ့ကိုယ်သူ ရူးပြီတောင် ထင်ရသည် ။

ဒီကောင်လေးဟာ အဲ့ဒီလို အဖိုးတန်လေး ..။

အိပ်မောကျနေတဲ့ ကလေးလေးလို .. ဟန်နီက ပါးဖောင်းဖောင်းလေးတွေလည်း မပျောက်သေး ၊ မျက်ခွံမို့မို့ကလေးတွေက မျက်တောင်ကော့ကော့တွေနှင့် အလှဆုံး ပနံသင့်နေသေးသည် ။
နှာခေါင်းချွန်လုံးလုံးလေးက စိတ်မကြည်လို့ ရှုံ့ပစ်တဲ့အခါ ရယ်ချမိချင်လောက်အောင် ချစ်စရာကောင်းသည် ။

မျက်နှာ နုနုလေးကို တို့ထိ ပစ်ချင်စိတ်က လွှမ်းလာတော့ သူ့လက်ကို သူထိန်းထားရသည် ။
နှာခေါင်းလုံးလုံးလေးက တကယ် ဆွဲညှစ်ချင်စရာ ..။

Selenophile || NoMinWhere stories live. Discover now