Redamancy
(n.) The act of loving in return.............................
အိပ်မက်လို အချိန်တွေက တစ်ပတ်တောင် ရှိခဲ့ပြီ ။
ဟန်နီက သူစကားတွေ ပြောရင် အရင်ကလို ဘုကလန့် ပြန်မပြောတော့ဘဲ ပြန်မပြောရင်တောင် ငြိမ်ပြီး နားထောင်ပေးလာသည် ။ထူးထူးဆန်းဆန်း .. ပြီးတော့ တကယ်ကို ရူးရူးနှမ်းနှမ်း ။
ဘယ်လောက်ပဲ အိပ်မက်မဟုတ်ပါဘူးလို့ ပြောနေပါစေ ပြီးဆုံးသွားမှာ ကြောက်တဲ့စိတ်က သူ့ကိုပိုပြီး ခြောက်လှန့်နေခဲ့သည် .. စက္ကန့်တံလေး တစ်ချက်အရွေ့ကအစ အရာအားလုံးထက် အဖိုးတန်နေသလိုမို့ ။ထုံးစံအတိုင်း ကျောင်းဆင်းတော့ သူတို့ခုနစ်ယောက် မုန့်ဆိုင်လေးတစ်ဆိုင်မှာ စုံသည် ။
အရမ်းကြီး ဝေးကွာမနေပေမယ့် အရမ်းကြီးလည်း နီးကပ်မနေသည့် စိတ်အခြေအနေတွေ .. ခြေလှမ်းဆယ်လှမ်းမှာ တစ်လှမ်းတော့ သူလှမ်းနိုင်ခဲ့ပြီလား သူမသိ ။DongHyuckက ဘယ်အချိန်တည်းက ထိန်းလာမှန်းမသိ .. ကျန်တဲ့ငါးယောက် စကားပြောနေတုန်း သူနှင့်အတူ မုန့်လာမှာသည့်အချိန် သူ့ကို မေးခွန်းတွေ မေးတော့သည် ။
" Je .. မင်း Jaeminနဲ့ ပြန်ပြီး အဆင်ပြေသွားပြီလား "
" ဟင် .. ငါမသိဘူး "
သူ့အဖြေကို DongHyuckက မကြိုက်ချင် ..။
တကယ်တော့ သူက Na Jaeminကို သဘောကျပါသည် ၊ မြတ်နိုးပါသည်ဆိုသည့် အချက်က သူနှင့် Jaeminနှစ်ယောက်ကြားထဲမှာပဲ ရှိခဲ့သည် ။ဒီအတိုင်း .. အကုန်လုံးက ရန်ဖြစ်ပြီး Jaeminက သူ့ကိုမုန်းနေသည်ဟုသာ ထင်ခဲ့ကြခြင်းသာ ..။
" ဟိုတစ်နေ့က ငါလည်းမတတ်နိုင်လို့ မင်းကို လွှတ်လိုက်ရတာ ဆိုပေမယ့် မင်းတို့နှစ်ယောက် နည်းနည်းလေးပြန်ပြီး စကားပြောနေကြတာ မြင်လို့ "
" သေချာပေါက် ငါကချည်းပဲ ပြောတာပါ ။ သူက ငါသူ့အနားနား ရှိနေတာကို မငြင်းတော့တာလေးပဲ ရှိတာ "
" အဲ့တာတော့ အဲ့တာပေါ့ .. ဒါပေမယ့် "
" ငါပျော်ပါတယ် အနည်းဆုံးတော့ .. ဟိုးအရင်ကလောက်အထိ ပြန်ရင်းနှီးဖို့ကို မမျှော်ပါဘူး ။
ဒီအတိုင်း အခုလောက်လေးကတောင် အဆင်ပြေနေတာ "