dystychiphobia

1.1K 123 7
                                    

dystychiphobia
(n.) The fear of hurting someone

................................

" Jaemin "

နောက်ကအသံကြောင့် တစ်ချက်လှည့်ကြည့်လိုက်မိပြီး ပြေးလာတဲ့ Jenoကို သူမြင်ရသည်နှင့် အရှေ့ကို ပြန်လှည့်မိလိုက်သည် ။

တစ်ချက်လေးတောင် မျက်နှာ မပျက်သွားတဲ့ ကောင်လေးက ဒီအတိုင်း သူ့နောက်ကနေ ပြေးလိုက်လို့ ..။

နှစ်နှစ် .. နှစ်နှစ်ရှိခဲ့ပြီ ။
သူကတော့ Jenoက သူ့ကို ထားပစ်ခဲ့တော့ဖို့အတွက် တွေးနေခဲ့ရတာ ။
အဲ့ဒီ‌ရက်က သူတအားပင်ပန်းခက်ခဲတာဆိုပေမယ့် .. သူကတော့ နာကျင်တာတွေ ဆက်မပေးရက်နိုင်လို့ တစ်ခါတည်း Jenoကို ထွက်သွားစေချင်ခဲ့တာ ။

တစ်ပတ်ပဲ ခံခဲ့တယ် အဲ့ဒီအမျိုးသားက ။
တစ်ပတ်လောက် သူ့ရှေ့က ပျောက်သွားခဲ့ပေမယ့် .. တကယ်ကို ပြီးဆုံးသွားပြီလို့ သူကထင်ခဲ့ပေမယ့် ..
Jenoက ပြန်ပြီး သူ့ရှေ့ ပြန်ပေါ်လာခဲ့တယ် ။

တင်းခံနေရတဲ့ သူ့စိတ်က မလွယ် ၊
နာကျင်နေရမယ့် Jenoကလည်း မလွယ် ၊
သူအခါခါလွှတ်ချခဲ့လည်း
Jenoက သူ့ကိုလွှတ်မပေးခဲ့ ။

အခုလည်း ထပ်ပြီး သူ့ရှေ့ကို ရောက်လာပြန်ပြီ ဖြစ်သည် ။
အဲ့ဒီ Jenoကလေ .. သူ့ကို နာကျင်အောင် လုပ်နေတာတောင် ၊ သူ့စကားတွေကို တစ်ခွန်းမှ နားမထောင်တာတောင် ဘာလို့ အဲ့ဒီလို တွယ်ကပ်နေသေးတာလဲ မသိတော့ဘူး ..။

" မကြားချင်ယောင် ဆောင်ပြန်ပြီ မင်း "

" အကြောင်း မရှိဘဲ လာတာဆို ပြန်လိုက်တော့ စိတ်အခြေအနေ မကောင်းနေဘူး "

လက်ရှည်နှစ်ထပ်နဲ့ ဖုံးကွယ်ထားတဲ့ အောက်မှာက လူမမြင်နိုင်တဲ့ ဒဏ်ရာတွေ ..။

ဟိုတစ်နေ့က မေမေ့နှစ်ပတ်လည်မို့ အတွေးတွေလွန်ပြီး ဖြတ်ရှဒဏ်ရာတွေပေါ် သူဒဏ်ရာနည်းနည်း ထပ်လုပ်မိခဲ့သေးတာ .. စာကြည့်စားပွဲပေါ်က အဲ့ဒီဓားနဲ့ ။

" Jaemin .. "

" Lee Jeno ကျေးဇူးပြုပြီး တစ်ရက်လောက် ငါ့ကို လိုက်မကပ်ဘဲနေလို့ မရဘူးလား ? "

နေ့တိုင်းနီးပါး ပြောနေခဲ့ရတဲ့ ဒီစကား‌တွေ ။
သူ့ကို မြင်တိုင်း ပြေးလာတဲ့ Jenoကို မြင်ရင် သူက လက်ဆန့်တန်းပြီးပဲ ကြိုချင်ခဲ့တာ .. ကြိုရမယ် ထင်ခဲ့တာ ။
အဲ့ဒီ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ..။

Selenophile || NoMinWhere stories live. Discover now