Volery

1.4K 161 1
                                    

Volery
(n.) A large bird cage ; an aviary
- ကြီးမားတဲ့ လှောင်အိမ် ။

....................

" Lee DongHyuck.. ငါ ရောက်ပြီ "

" Jaemin စောလိုက်တာ "

" Jisungရောက်ပြီလား "

" ဟင့်အင်း "

" မင်းတို့ အထုပ်တွေ ဘယ်မှာ စီထားတာလဲ ။ ကလေးတွေကို မုန့်အစုံ ရစေချင်လို့ ထပ်၀ယ်လာခဲ့တယ် "

" Hyungအခန်းထဲမှာ ထားထားတာထင်တယ် "

" ငါသွားလိုက်ဦးမယ် "

" အင်း "

ဒီနေ့က Mark Hyung မွေးနေ့ ။
သူတို့ သူငယ်ချင်းတွေ စုပြီး မိဘမဲ့ ဂေဟာမှာ ကလေး‌တွေကို မုန့်ဝေဖို့ စီစဉ်ဖြစ်ခဲ့သည် ။

Renjunနဲ့ Chenleက မိဘမဲ့ဂေဟာကို တန်းလာခဲ့မည်ဟု ပြောထားပြီးသားမို့ Jisungရယ် Jenoရယ် Jaeminရယ်ကသာ Mark Hyungနဲ့ အတူတူ သွားရမည် ဖြစ်သည် ။

" Yo Jaem .. "

" Happy Birthday Hyung .. ကလေးတွေဖို့ မုန့်တွေ၀ယ်လာတာ ။ အဲ့တာ အိတ်တွေထဲ မုန့်တွေသွားထည့်မလို့ "

" အင်း .. သွားလေ Jenoလည်း သွားတိုက်တံလေးတွေ ယူလာတာ ထည့်နေတယ် "

" အင်း .. "

ပေါ့ပေါ့ပါးပါးသွားမယ့် Jaeminရဲ့ ခြေလှမ်းတွေက ရုတ်တရက် လေးလံလာသည် ။

.........................

// dock dock //

" ငါ၀င်လာမယ် "

" Jaeminnie "

Jaeminရောက်လာတာကို မြင်တာနဲ့ မျက်၀န်းတွေ ကွေးနေအောင်ထိ ပြုံးသွားတဲ့ Jenoက တကယ်ကို သဘောတကျ ။ မျက်နှာသေနဲ့ပဲ ပြန်ကြည့်ခံရတာကိုလည်း ကျင့်သားရနေပြီးသား သူ့မှာ ..။

" မင်းက မုန့်တွေ ၀ယ်လာတာပဲ ။ ငါမ၀ယ်လာမိတာ တော်သေးတယ် ။ ငါက အဲ့အစား သွားတိုက်တံတွေပဲ ယူလာခဲ့တာ "

" အင်း .. "

" ချစ်စရာမကောင်းဘူးလား ကလေးလေးတွေနဲ့ လိုက်‌လောက်တယ် ဟားဟား "

Jenoက ပြုံးရယ်ပြီး ပြောတယ် ။ ဒါပေမယ့် Jaeminကတော့ သူ့မုန့်တွေနဲ့ အလုပ်ရှုပ်နေဆဲ ။

" အားလုံးပေါင်း အိတ်တစ်ရာလုပ်ထားတာ သိတယ်မလား ။ မင်း မုန့်က ဘယ်နှစ်မျိုး ၀ယ်လာခဲ့တာလဲ ။ ငါဝိုင်းထည့်ပေးမယ် "

Selenophile || NoMinWhere stories live. Discover now