Gunnen

1K 128 8
                                    

Gunnen
- To find happiness in someone else's happiness because that's how much you love them

အိပ်နေရင်းကနေ ခြေသံကြားလို့ ဆတ်ခနဲ နိုးလာသည့် Jaeminက အရင်ဆုံး ဘေးပတ်လည်ကို ဝေ့ဝဲကြည့်မိသည် ။

အရိပ်ကျနေသည်က သူ့စာကြည့်စားပွဲနားမှာမို့ ‌လှမ်းကြည့်မိတော့ Jenoက သူ့စားပွဲပေါ်မှာ ထောင်ထားသည့် သူတို့နှစ်ယောက် ငယ်ငယ်တုန်းက ပုံကလေးကို ကိုင်ကြည့်နေတာ ..။

တစ်ခဏတာ သူဒီအတိုင်း ကြည့်နေသေးပေမယ့် လေးငါးမိနစ်ကြာအောင် မလှုပ်မယှက် Jenoက အဲ့ဒီဓာတ်ပုံကလေးကို ကိုင်ပြီး ငေးကြည့်နေတုန်းပင် ။

သူတို့နှစ်ယောက် ဆင်တူလုပ်ထားခဲ့သည့် ဒီဓာတ်ပုံလေးကို သူက စားပွဲပေါ်မှာ အမြဲတမ်း ထားထားခဲ့တာ ။
သူက Jenoကို တစ်လျှောက်လုံး ချစ်မြတ်နိုးနေခဲ့ပြီး ကလေးဘ၀ကို ပြန်သွားချင်နေခဲ့တာ ။

" Jeno .. "

ခဏလောက် ထပ်စောင့်ပြီး သူ Jenoကို ခေါ်မိတော့
လက်ထဲမှာ ကိုင်ထားတဲ့ ဓာတ်ပုံကို နောက်ကျောဆီ ပို့ပြီး Jenoက ဝှက်လိုက်သည် ။

ရုတ်တရက် ပျက်သွားချင်သည့် သူ့မျက်နှာကို သူက ချက်ချင်း ပြန်ထိန်းတတ်နေပြီ ။
Jenoက သူ့ကို အဲ့ဒီလောက်အထိတောင်မှ သူ့ကို‌သဘောမကျဘူး ထင်နေခဲ့တာလား ..
အခု Jenoဆီမှာ မြင်ရတာက သူ့အပေါ် ကြောက်‌စိတ်တွေချည်းလို ။
သူက အဲ့ဒီလောက်တောင် ပင်ပန်းစေခဲ့တာ .. ၊ လူစိတ်မရှိသလို ရက်စက်နေခဲ့တာများလား ။

" အဖျားပြန်တက်လာလို့လား "

အနားနားတိုးလာရင်း နဖူးကို ကိုယ်ပူလာစမ်းသည့် Jenoက သေချာ ဂရုတစိုက်နှင့် ။
အမြဲတမ်း ဂရုစိုက်ဟန်ပြတတ်သည့် မျက်၀န်းတွေထဲမှာ ဒီနေ့တော့ စိုးရိမ်ပူပန်မှုတွေကဲလို့ ..။

တကယ်ဆို ဘယ်လောက်မှတောင် Jenoနှင့် နေရသေးတာမဟုတ်ပေမယ့် သူက ယိုင်နဲ့ချင်နေပြီ .. ။
အဲ့တာကြောင့်လည်း သူဘယ်တုန်းကမှ Jenoနှင့်အတူ မရှိနေချင်ခဲ့တာ ဖြစ်မည် ။

" မဟုတ်ဘူးပဲ .. ဗိုက်ဆာလို့လား ။ ခုနက နည်းနည်းလေးပဲ စားထားတာကို "

" အင်း .. "

တကယ်တော့ ဘာရယ်မဟုတ် .. Jenoပြောသည့်အတိုင်း သူက သံယောင်လိုက် လိုက်ရုံပင် ။

Selenophile || NoMinWhere stories live. Discover now