Trouvaille

1.2K 160 5
                                    

Trouvaille
(n.) Something lovely discovered by chance
- ကံကောင်းစွာနဲ့ ရှာဖွေတွေ့ရှိခဲ့ရတဲ့ ချစ်စရာကောင်းတဲ့ တစ်စုံတစ်ခု ။

...................

တနင်္လာနေ့က ပြန်ရောက်လာသည် ။
နှစ်ရက် .. နှစ်ရက်ပေမယ့် ပုံမှန်အတိုင်း ခံစားချက်က ဒီအတိုင်းကြီး ရှိနေတုန်းပင် ။

တစ်ခါတစ်လေကျ ရူးရူးနှမ်းနှမ်း အဖြေမရှိတာ သိသိကြီးနှင့် သူ့ဘာသာ မေးမိသည့်မေးခွန်းတစ်ခုရှိသည် ။
// ဟန်နီက သူ့ကို ဘာ့ကြောင့် မုန်းသွားခဲ့ရတာပါလဲ //
သူကိုယ်တိုင်လည်းမသိ ၊ ဟန်နီကရော အကြောင်းပြချက်ရှိသလား .. သူမသိခဲ့ပါ ။

ကျောင်းတက်ဖို့က အရေးတကြီး ဖြစ်မနေပေမယ့် အိမ်မှာနေရင်လည်း ပျင်းနေတာနဲ့ လွယ်အိတ်ဆွဲပြီး အိမ်အပြင်ကို ထွက်လာခဲ့မိသည် ။

ရယ်စရာက ကျောင်းတက်တာချင်း အတူတူတောင် သူတို့ခုနစ်ယောက်မှာ ငါးယောက်က မေဂျာတူကြပြီး သူကသာ ဂျယ်မင်းနှင့်အတူ လိုက်တက်မိခဲ့သည်မို့ သူတို့နှစ်ယောက်က မေဂျာကွဲနေခဲ့သည် ။

ကျောင်းသွားရမလား ဆိုသည့်အတွေးက ဘယ်နေရာကို ခြေဦးတည့်ရာ လျှောက်ရမလဲဆိုသည့် အတွေးတွေရဲ့ ဟိုးအနောက်မှာ ။

အထက်တန်းကျောင်းရှေ့က ကော်ဖီဆိုင်လေးဆီ သွားမလို့ ပြင်ပြန်တော့လည်း အဝေးကြီး သွားရမည်ကို တွေးမိပြန်သည်မို့ မသွားဖို့သာ ဆုံးဖြတ်လိုက်မိသည် ။

ဟန်နီ့ကို သူ ရင်မဆိုင်ချင်သေးပါ ။
အဲ့ဒီကော်ဖီဆိုင်လေးဆီသွားရင် ဟန်နီ့ဖို့ ကော်ဖီဆိုပြီး ၀ယ်လာမိဦးမှာ .. ဟန်နီ့ကို သွားပေးရင် ဟန်နီက ပစ်ချခဲ့နိုင်တာကို အရင်တွေးမိသည် ။
ဟိုတစ်နေ့က သူ့လက်ထဲက ပစ္စည်းတွေ ပြုတ်ကျသွားတဲ့အသံကို အခုထိ သူကောင်းကောင်း မှတ်မိနေဆဲ ။

အဲ့ဒီကော်ဖီဆိုင်ကို မသွားချင်သည့် ၊ မသွားဖို့ တွေးလိုက်သည့် အကြောင်းရင်းအစစ်သည် ဝေးနေလို့ ဆိုခြင်းထက် ငြင်းဆန်ခံလိုက်ရမယ့် ကြောက်စိတ်ကြောင့် ပိုပြီး ဖြစ်နိုင်သည် ။

// Amusement Park သွားရမလား //
// ကလေးကလားနဲ့ .. //

// အဲ့တာဆို ဘယ်ကို လျှောက်သွားရမလဲ //
// Busanကိုပဲ နေ့ချင်းပြန်ခရီးထွက်ပစ်လိုက်ရမလား //

Selenophile || NoMinWhere stories live. Discover now