Sundreesoro

1.1K 148 3
                                    

Sundreesoro
(n.) The disappointment felt after waking up from a pleasant dream and realizing it wasn't real.
- ကြည်နူးစရာအိပ်မက်ကနေ နိုးထလာတဲ့အချိန် အဲ့တာက အစစ်အမှန်မဟုတ်ဘူးဆိုတာ သိလိုက်ရပြီးနောက် စိတ်ပျက်သွားရတဲ့ ခံစားချက် ။

...................

" Jaem .. Americano "

" ကျေးဇူး "

သူငယ်ချင်းအုပ်စု တစ်စုလုံး ရှိနေတဲ့အချိန် တစ်ယောက်တည်းအတွက် ကွက်၀ယ်လာပေးတော့ အကုန်လုံးက သူ့ကို မျက်စောင်းထိုးပြီး ကြည့်ကြသည် ။

" ဟိုတစ်နေ့က ကတိပေးထားလို့ပါ .. မင်းတို့ကို ညနေကျ ၀ယ်တိုက်မယ် "

သူက ပြုံးရယ်နေမိသည် ။
တစ်နေ့ကတည်းက .. အတိအကျပြောရရင် မိုးတွေသည်းခဲ့တဲ့ အဲ့ဒီညနေ ။

နှစ်ရက်ရှိပြီ .. ။
ဟန်နီက သူ့ကို စကားတွေ ပြန်ပြောလာပြီး ရယ်မောနေတာကိုလည်း သူမြင်တွေ့ခဲ့ရသည် ။
အသက်ရှင်နေရင်းနဲ့ သူ့ကြောင့် ဆိုပြီးလည်း ဟန်နီက နောက်တစ်ခေါက် ပြုံးရယ်နေဖူးပြီ ။

အနီးစပ်ဆုံး သူငယ်ချင်းတွေတောင် မသိကြတဲ့ သူတို့ရဲ့ ဆက်ဆံရေး ကြိုးမျှင်လေး ..။

ထူးဆန်းသည့်ကိစ္စလည်း ရှိသည် ။
သူပေးထားသည့် sneakerအဖြူလေးက ဟန်နီ့ခြေထောက်မှာ ၀တ်ထားတာ မြင်ရတာလည်း ဒီသုံးရက်လုံးပင် ။

" ခဏနေရင် ငါတို့က အတန်းတွေ စတော့မှာ ။
သွားနှင့်တော့မယ် "

Renjunက အဲ့လိုပြောပြီးတော့ သူတို့ငါးယောက်လုံးက အဲ့နားကနေ နှုတ်ဆက်ပြီး ထွက်သွားကြသည် ။

" Jaem "

" ဟင် ? "

တကယ်ကို .. မြတ်မြတ်နိုးနိုး အဝေးကနေ သူငေးကြည့်ခဲ့ရသည့် မျက်၀န်းလေးတွေကို အခုသူက ရှေ့တည့်တည့်ထားပြီး ငေးမောနေမိသည် ။

ဟန်နီ့ မျက်၀န်းလေးတွေက ကြယ်ရောင်လေးတွေ တောက်နေသလို သိပ်ကိုလှလိုက်တာမှလေ .. ။
မျက်တောင်ကော့ကော့တွေ ကာရံထားတဲ့ အဲ့ဒီ မျက်၀န်းသွယ်သွယ်လေးတွေ ။
သူ့ချစ်ခြင်းတရားတွေ အကုန်ပဲ ဖြစ်သည် ။

" ဘာပြောမလို့လဲ "

ကလေးလေးလို ပိုက်ကလေး စုပ်သောက်ရင်း သူ့ကိုမေးလာသည့် ဟန်နီက တကယ်ကို ကြောင်စီစီကလေး ..။

Selenophile || NoMinWhere stories live. Discover now