Absquatulate

1.2K 129 7
                                    

Absquatulate
(n.) To leave without saying Goodbye

.......................

" Hyuck ah .. "

" မင်း ရှေ့တစ်ပတ်လုံး ကျောင်းပျက်ထားတာ မနက်ဖြန်ကျောင်းလာဖို့ စိတ်ကူးရှိလား "

" အင်း .. မနက်ဖြန် လာခဲ့မယ် "

Jaeminက ရှေ့တစ်ပတ်လုံး ပါပါးအလိုကျ Da Riနဲ့ အတူတူ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိအောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေ့တိုင်းနီးပါး တွေ့နေခဲ့ရသည် ၊ အတူတူရှိနေခဲ့ရသည် ။

ပြီးတော့ အခုလည်း အတူတူရှိနေချိန်မှာပင် သူက ကျောင်းက ကိစ္စတွေမေးဖို့ ဖုန်းလှမ်းဆက်မိလိုက်တာ ဖြစ်သည် ။

" ကိုကို့ဖို့ americanoပဲ မှာခဲ့တယ် "

သူက ခေါင်းပဲ ငြှိမ့်ပြလိုက်ပေမယ့် တစ်ဖက်က Hyuckkieဆီက စကားသံထွက်လာတော့ စိတ်ထဲ ဘာရယ်မှန်းမသိ ဖြစ်သွားရသည် ။

" ငါတို့ကို ငါတို့ခယ်မလေးနဲ့ မိတ်ဆက်ပေးစမ်းပါဦး "

" နောက်မှပေါ့ .. "

ဖုန်းချလိုက်ပြီးတော့မှ သူကအတွေးတွေထဲ ရောက်သွားရသည် ။
ငါတို့ရဲ့ ခယ်မလေး တဲ့ ။
အဲ့ဒီလို ခေါင်းစဉ်အောက်ကို ရောက်သွားတာလား ။
အဲ့ဒီလို ဆက်ဆံရေးတွေ ဖြစ်သွားမှာလား ။
ကြောက်ရွံ့ပြီး တုန်လှုပ်လာချင်စရာ ...။

Jenoက .. Jenoကရော .. Jenoအတွက်ကရော ငါ့ရဲ့ခယ်မလေးဆိုပြီး အဲ့ဒီလို ဖြစ်နေမှာလား ..။
ဟင်း .. မဖြစ်နိုင်စရာ ။
Jenoနဲ့သူ့ရဲ့ ကြားက သူငယ်ချင်း ဆက်ဆံရေးလေးကပါ ပျက်စီးသွားခဲ့ပြီ မဟုတ်ပါလား ..။

သူက Jenoရဲ့ ဘ၀ထဲက အပြီးအပိုင် ထွက်သွားပြီးသား လူတစ်ယောက် သာသာပင် ။
မနက်ဖြန် သူကျောင်းတက်တဲ့အခါ Jenoက ကျောင်းမလာမှာ သူသိသည် ။

" ကိုကို "

လက်ကိုပါ လှုပ်လာတော့မှ သူ့သတိတွေက ရှေ့က မိန်းကလေးဆီ ပြန်လည်လာတော့သည် ။

" အင်း .. "

" မဟုတ်ဘူး ဒီအတိုင်း လိပ်ပြာလွင့်နေတဲ့လူနဲ့ တူနေလို့ "

ပြုံးပြပြန်တဲ့ အဲ့ဒီညီမလေးက တကယ်ကို ကလေးစိတ်မှ ကလေးစိတ်ကလေး သာသာ ။
စီးပွားရေးအတွက် ဆိုတဲ့ ဒီလိုမင်္ဂလာပွဲကြောင့်သာ မဟုတ်ရင် ဒီအရွယ်လေးက ပျော်မြူးလို့ ကောင်းတုန်း ရှိရဦးမှာ ။

Selenophile || NoMinWhere stories live. Discover now