Tacenda

1.2K 128 7
                                    

tacenda
(n.) Things better left unsaid , matters to be passed over in silence

.................................

" Da Riနဲ့ ဘယ်လိုနေလဲ "

" ညီမလေးက အဆင်ပြေပါတယ် "

" မင်းမိန်းမ ဖြစ်လာမယ့်သူပဲ ။ သေချာဂရုစိုက် ကြားလား "

" ဟုတ် "

Da Ri .. မနက်က အဲ့ဒီ မိန်းကလေးနဲ့ မိသားစုကို သူရယ် ပါပါးရယ်က သွားတွေ့ခဲ့ရသည် ။ ပြောရရင်တော့ စေ့စပ်ပွဲ ၊ ချက်ချင်း လက်စွပ်လဲခိုင်းပြီး သတင်းပေါ် တင်ချသည့် ဒီစီးပွားရေးကြီးကို သူနားမလည်နိုင်ခဲ့ရ ။

စေ့စပ်ပွဲရော ၊ မင်္ဂလာပွဲရော မဟုတ်ဘဲ ဒါက စီးပွားရေး သက်သက်ဆိုတာ သူတို့အားလုံး သိနေခဲ့ပြီးသားပဲ မဟုတ်လား ။

ပြီးတော့ သူတို့နှစ်ယောက်ကို တစ်ယောက်ကို တစ်ယောက် သိဖို့ဆိုကာ လူကြီးတွေက နှစ်ယောက်တည်း အပြင်ကို လွှတ်သည် ။ ထွက်ပြေးသွားလို့ မရနိုင်အောင် အစောင့်တွေနှင့် ။

သူက ကြောင်တောင်တောင်ဖြစ်နေပေမယ့် တစ်ဖက်က အရင်မိတ်ဆက်လာပြီး စကားပြောဖြစ်တော့ သူ့ထက် လေးနှစ်ကျော် ငယ်မှန်း သိလိုက်ရသည် ။

" ညီမလေးလို့ပဲ ခေါ်ပါ ။ ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေးအတွက် မင်္ဂလာပွဲပဲမလား ။ မောင်နှမလို နေကြတာပေါ့ ။ အစ်ကိုက ကိုကိုဖြစ်ပေးပါ "

ရိုးရိုးရှင်းရှင်း အဲ့ဒီစကားကိုသူက အံ့ဩဟန်‌ပြတော့ ကလေးမက သူ့ကိုရယ်သည် ။ ဒါပေမယ့် သူက ခေါင်းငြှိမ့်ပြမိလိုက်သည် ထင်သည် ။

" အံ့ဩစရာမရှိပါဘူး ။ အသက်က မနှစ်ကမှ ပြည့်ထားတာကို Australiaကနေ ဒီကို ပြန်လာဖို့ အရမ်းတာဆူနေတာနဲ့ လက်ခံလိုက်ရတာ ။ cardတွေ အကုန်ပိတ်မယ်ဆိုလို့ ။ အဲ့ဒီမျက်နှာကြည့်က‌တည်းက သိလိုက်ပြီးသားပါ .. ကိုကို့သဘော မပါဘူးဆိုတာ ။
တကယ်တော့ တစ်ဖက်လူက သဘောပါနေမှာ စိုးရိမ်ခဲ့တာ "

‌ပေါ့ပေါ့ပါးပါး အဲ့ဒီစကားတွေကို ပြောထွက်နေသည့် မိန်းကလေးက ထက်မြက်သည့်ဟန်လည်းရှိသည် ။
ဟိတ်ဟန်မရှိဘဲ ပေါ့ပါးနေသည့် ကလေးသာသာလေးပင် ။

" ကျေးဇူးတင်ပါတယ် ။ မိသားစုထဲမှာ သမီးအကြီးဖြစ်ရတာကြောင့် အစ်ကိုတစ်ယောက်တော့ လိုချင်‌ခဲ့တာ ။ သတို့သား အတုဆိုပေမဲ့ အစ်ကိုအစစ် ဖြစ်ပေးလို့ "

Selenophile || NoMinWhere stories live. Discover now