Feuillemorte

1.2K 140 1
                                    


feuillemorte
(n.) The colour of the dying leaf

..........................

" Renjunက အိမ်ပြန်ပြီး ဒါကို ယူလာလို့ .. "

ဘူးပါးပါးလေးတစ်ခုကို DongHyuckက သူ့ဆီ ကမ်းပေးလာသည် ။
သူအခုထိ သူ့အခန်းသူ မပြန်ရသေး .. တာ၀န်ခံ Nurseက ဒီမှာရှိနေမှတော့ ပြန်စရာလည်း လိုမည်မထင်ပါ ။

" Jaeminnie ပေးခဲ့တဲ့ဟာ ..
သူကိုယ်တိုင်ထိုးထားခဲ့တာ "

သူက မေးခွန်းတွေ ထုတ်မမေးပေမယ့် DongHyuckကတော့ ဖြေခဲ့သည် ။

ဘူးပါးပါးလေးကို ဖွင့်ကြည့်တော့ ဦးထုပ်ကလေးတစ်ခု ။
သူကိုယ်တိုင်ထိုးထားသည့် beanieလေးက Jenoနှင့် လိုက်သည့်အကြောင်း အရင်ကပြောခဲ့ဖူးသည့် နက်ပြာရောင်လေး ..။

" လာမယ့် မွေးနေ့အတွက် လက်ဆောင်
မင်းက ဦးထုပ်ဆောင်းရတာ သဘောကျတတ်လို့ "

ဟိုးအရင်က Jenoမွေးနေ့အတွက် Jaeminက နက်ပြာရောင် beanieလေး ၀ယ်ပေးခဲ့ဖူးသည် ။
အခုလည်း ထပ်ပြီး မရောက်သေးတဲ့ မွေးနေ့အတွက် လက်ဆောင်က ကြိုပြီး အပေးခံထားခဲ့ရတာတဲ့လား ..

ထိပ်နားလေးမှာ အဝါရောင်လေးနှင့် J ဟု ထိုးထားသည့် စာတန်းက သူ့အပိုင်ဟူသည့် လက်ဆောင်ကလေး ..။

" မင်းက တကယ် အများကြီး ပြင်ဆင်ပြီး ငါ့ကိုထားဖို့ ကြံစည်ခဲ့တာပဲ .. ဆိုးလိုက်တာ ဟန်နီရယ် .. "

Beanieလေးကို ကိုင်ပြီး အောက်ဆီဂျင်ပိုက်တွေကြားက ဟန်နီ့မျက်နှာကို ကြည့်ရင်း သူ ငိုင်နေမိသည် ။
ငိုနိုင်တော့ပါ့မလား သူမသိ ။

" ကျွန်တော့်ကို ဒီအခန်းထဲမှာပဲ နေလို့ရအောင် လုပ်ပေးပါလား Alice "

" ရသလောက် လုပ်ပေးကြည့်မယ် Jen .."

အဲ့ဒီညက ကြယ်တွေ မတောက်ဘူး ။
သူ့ကြယ်ကလေးကတော့ မျက်တောင်ကော့လေးတွေ မှေးစင်းလို့ .. လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ထွက်ပြေးလို့ ကောင်းနေခဲ့တယ် ။

ရုတ်တရက် တတီတီ မြည်လာတဲ့ ဟန်နီ့ဘေးနားက monitorစက်သံကြောင့် အပြေး၀င်လာတဲ့ Benက ဆရာ၀န်တွေကိုပါ ခေါ်လာသည် ။
ဟန်နီ့ နှလုံးခုန်နှုန်းက ရူးလောက်အောင်ကို ကျနေခဲ့သည်တဲ့ ။
Hyuckက သူ့ကို အခန်းပြင် ဆွဲထုတ်ပေမယ့် သူက မထွက်ချင် ။

Selenophile || NoMinWhere stories live. Discover now