စာစဥ် ၁၆ (၁-၁၆)
3K 340 4
စာစဥ် ၁၆၊ အခန်း ၁။ မင်္ဂလာပါ ကျွန်မက ချင်းကျီအိုက်(1)
ချင်းကျီအိုက် အင်္ကျီစကို အသာဆုပ်ကိုင်မိပြီး တံခါးနားမှာ ရပ်နေတဲ့ ဂူယူရှန်းကို မော့ကြည့်လိုက်တော့ သူ့ရှေ့က စင်ပေါ်မှာ ရှိနေတဲ့အပင်ကို
သူက စိုက်ကြည့်နေပြီး တစ်ခုခုကို တွေးနေသလို ။
“ဟေး” လို့ ခေါ်လိုက်သံက အထင်မှားတာလို့ ထင်ရလောက်အောင် ဂူယူရှန်းက သူမအပေါ် အာရုံရှိမနေတာကြောင့် သူမလည်း အကြည့်လွှဲလိုက်တော့ ဂူယူရှန်းက သူမကိုကြည့်လာပြီး ထပ်ခေါ်လာတော့သည် ။
“ဟေး”
“ဟုတ်ကဲ့”
သူမလက်တို့ တုန်နေခဲ့ပေမဲ့ စိတ်ကို အေးအေးထားကာ ပြန်ဖြေတော့ ဂူယူရှန်းက သူ့လက်ထဲက ရှု၀န်နူးပိုက်ဆံအိတ်ကို ကမ်းသည် ။
“အာ...ကျေးဇူးပဲ”
ချင်းကျီအိုက် လှမ်းယူတော့ ဂူယူရှန်းက ခေါင်းတစ်ချက်ငြိမ့်ပြပြီး နံရံကိုပြန်မှီကာ တစ်ခုခုကို တွေးနေပုံရပြီး သူမကိုကြည့်မလာတော့ ။
ချင်းကျီအိုက်လည်း မျက်လုံးထောင့်ကနေ သူ့ကိုကြည့်နေမိတော့
သူ့မျက်နှာက ဖြူဖျော့နေပြီး မျက်ကွင်းတို့လည်း ညိုနေသလိုပင် ။
ဘယ်လောက်တောင် မနားခဲ့ရလို့ ဒီလိုမျက်ကွင်းညိုနေရ သည်နည်း ။
သူ့ပုံစံက ပင်ပန်းနေသလို ဖြစ်နေတာကြောင့် ချင်းကျီအိုက် စိတ်ထဲမကောင်း ၊ သူမလည်း ပိုက်ဆံအိတ်ကို ဆိုဖာပေါ် တင်လိုက်ပြီးပေမဲ့ လုဘန်ချန်းကတော့ အခုထိထွက်မလာ ။
ဂူယူရှန်းက မတ်တပ်ရပ်နေသည်မို့ သူမလည်း ထိုင်လို့မကောင်းတာကြောင့် စားပွဲနားမှာ ရပ်နေလိုက်ပြီး သူမ ထည့်ထားခဲ့တဲ့ သူ့အတွက် ရေကို သတိရမိတော့ ချင်းကျီအိုက် စကားစလိုက်တော့သည် ။
“ရေသောက်မလား”
ဂူယူရှန်းက သူမ အမေးကို မကြားသလို နှင့် တစ်နေရာကိုပဲ ငေးလို့နေသည် ။ ထပ်မမေးတော့မလို့ နေလိုက်ချိန်မှာပဲ သူ့ဆီက အသံတစ်ခု ထွက်လာတော့သည် ။
“အမ်း”
ဘာကိုဆိုလိုတဲ့အသံမျိုးပါလိမ့် ။