စာစဥ် ၁၆ (၁၇-၃၀)
3.4K 395 9
အချစ်လေပြည် တိုး၀င်လာခဲ့သော်
စာစဥျ ၁၆ (၁၇+၁၈)
----------------------------------------------------------------------
စာစဉ် ၁၆၊ အခန်း ၁၇။ သူ့ရဲ့ကိုယ်ရေးရာဇ၀င်ကိုစစ်ကြည့် (7)
"ဘယ်သူတုန်းဟ"
လုဘန်ချန်းက ခေါင်းမော့လာပြီး မေးတော့ ဂူယူရှန်းလည်း တွေ‌ဝြေခင်းမရှိပြန်ဖြေလိုက်သည် ။
"ချင်းကျီအိုက်"
လုဘန်ချန်းမျက်မှောင်ကြုံ့မိလိုက်သည် ။
ချင်းကျီအိုက် ...ချင်းကျီအိုက် ..ချင်းကျီအိုက် ဆိုတဲ့ နာမည်က ရင်းနှီးနေသလိုပင် ။
လုဘန်ချန်းသေချာစဉ်းစားကြည့်တော့ ညနေက တွေ့ခဲ့တဲ့မိန်းကလေးပင် ။
သူ့ကိုလွန်ခဲ့တဲ့ တစ်နှစ်လောက်ကလည်း တွေ့ဖူးသည် ဟောင်ဇီကောင်မလေးရဲ့ သူငယ်ချင်းပင် ။
"ရှောင်အိုက်လား"
လုဘန်ချန်းခေါင်းခါလိုက်ပြီး စကားဆက်သည် ။
"မဖြစ်နိုင်ဘူး မင်းနောက်နေတာလား ရှောင်အိုက်က လျန်ဒေါ့ကူအတုမဖြစ်နိုင်ပါဘူး ဟုတ်တယ် သူတို့က တူတယ်ဆိုတာ လက်ခံပေမဲ့ အကုန်လုံးတူနေတာမှ မဟုတ်တာ ပြီးတော့ အခုခေတ်မှာ ဆာဂျရီ ရော မိတ်ကပ်ရောက အရာရာလုပ်နိုင်တာပဲလေ ရှောင်အိုက်အသံက လျန်ဒေါ့ကူနဲ့လည်း မတူပါဘူးကွာ သူ့မှာကိုယ်ပိုင်အမူအရာတွေပဲရှိနေတာပါ မဖြစ်နိုင်ဘူးလုံး၀ပဲ"
"ပြီးတော့ ရှောင်အိုက်နဲ့ငါတို့ လွန်ခဲ့တဲ့ နှစ်တုန်းက တစ်ခါတွေ့ဖူးတယ်လေ အဲ့တုန်းက လျန်ဒေါ့ကူ အတုက မင်းအိမ်မှာ ရှိနေခဲ့တာပဲကို သူက လျန်ဒေါ့ကူအတု မဖြစ်နိုင်လောက်ပါဘူးကွာ"
"ငါသိတယ်"
လုဘန်ချန်းကသာ အကြောက်အကန်ငြင်းနေပေမဲ့
ဂူယူရှန်းက အေးအေးဆေးဆေးပင် ။
လျန်ဒေါ့ကူနဲ့ ချင်းကျီအိုက်က အရမ်းကြီးမတူတာကို
ဂူယူရှန်းလည်း သဘောပေါက်သည် ။
ဒါပေမဲ့လည်း သူမ မျက်လုံးတွေနဲ့ တွေ့တိုင်း
ဂူယူရှန်းရင်ထဲ တသိမ့်သိမ့် ... သူရှာနေတဲ့မိန်းကလေး ဖြစ်လိမ့်မည်ဆိုတဲ့ခံစားချက်နှင့် စိတ်ထဲမသေမချာ ဖြစ်နေသည် ။