Chapter - 2

6.1K 603 10
                                    

Zawgyi


အသက်၅နှစ်အရွက် လူတွေကိုတောင် ကောင်းကောင်းမမှတ်မိနိုင်သေးတဲ့ ကလေးငယ်လေးရဲ့ အဖေနာရေး။ ပုလုံးလုံးနဲ့ကလေးငယ်လေးဟာ မသိမနားလည်စွာ အလောင်းပြင်ထားတဲ့အဖေရဲ့ ရုပ်အလောင်းနားမှာလဲအိပ်နေသည်။ တောရွာလေးတစ်ခုမလို့ မြို့ကြီးတွေလို အအေးခေါင်းမပြင်ပဲ အိမ်ရှေ့ကြမ်းပြင်ပေါ်မှာသာ ရုပ်အလောင်းကိုပြင်ဆင်ထားတာကြောင့် ကလေးငယ်လေးဟာ စိတ်တိုင်းကျ သူ့ပါပါးရုပ်အလောင်းဘေးနား ကပ်ပြီးအိပ်နေခဲ့သည်။

" သားလေး လာခဲ့နော်မာမားနာ "!!

ဝမ်းနည်းပူဆွေးမှုတွေနဲ့ငိုနေတဲ့ သေဆုံးသူအမျိုးသားရဲ့ဇနီးဟာ သူမခင်ပွန်းအလောင်းဘေးမှာ မသိမနားလည်စွာ အိပ်နေတဲ့ သားလေးကို လှမ်းယူပွေ့ချီသည်။

" ဟင့်အင့် ပါပါးနဲတူတူအိပ်မှာ "

အဖေချစ်သားငယ်လေးဟာ သူ့ပါပါးကိုသိပ်ချစ်တယ်ထင်တယ် အလောင်းကိုခွတက်ပြီး သူ့မာမားကိုငြင်းပယ်တယ်။

" သားရယ်လာပါ မာမားနားလာပါ ဟင့်...ဟင့်"

ဝမ်းနည်းစွာငိုရှိုက်ရင်း ခေါ်နေတာကြောင့် ကြာတော့ကလေးငယ်က သူ့မာမားကို သနားလာသည်ထင်တယ်။ လမ်းလေးကမ်းပြီး သူ့မာမားနား ရောက်သွားခဲ့တယ်။

" မာမားမငိုနဲ့ တိတ်တိတ် သားလာပြီနော်.."

ဖအေကို စိတ်မချစွာလှည့်ကြည့်ပြီး သူ့မာမားကို အငိုတိတ်အောင်ချော့နေတဲ့ ကလေးငယ်လေးဟာ မကြာခင် သူပါပါးကို တစ်သက်လုံးမမြင်ရတော့ဘူးဆိုတာ မသိနိုင်သေးဘူး။ မိခင်ကိုချော့နေတဲ့ ကလေးငယ်လေးဟာမကြာခင်မှာပင် သူ့မာမားရင်ခွင်ထဲမှာ အိပ်ပျော်သွားခဲ့သည်။

" အလောင်းကို မြေချမယ်ဟေ့ "

အိပ်ပျော်နေတဲ့ သားလေးကိုပိုက်ပြီး ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ ခင်ပွန်းသည်ရဲ့ နောက်ဆုံးခရီးကိုလိုက်ပို့နေတဲ့ ဇနီးသည်ပါပြင်မှာ မျက်ရည်စတွေနဲ့ပေါ့.....။

ကျောင်းနေအရွယ်ကလေးငယ် ကျောင်းလွယ်အိတ်လေးနဲ့ ကျောင်းထဲဝင်သွားတဲ့ သားငယ်လေးနောက်ကျောကိုငေးကြည့်နေပြီး ဝမ်းနည်းမိတဲ့ လီလီ။ သူမရဲ့ ဖတဆိုးသားလေး။ အသက် ၈ အရွယ်ကလေးငယ်သည် သူ၏အသက် ၅နှစ်အရွယ်က သေဆုံးသွားခဲ့တဲ့ သူ့ပါပါးကိုတောင် မှတ်မိတော့မယ်မထင်ဘူး။ ၃နှစ်ရှိပြီ ကြာသွားတဲ့အချိန်တွေ ဒါပေမယ့် တိုးတက်ပြောင်းလဲလာမှုမရှိတဲ့ သူမဘဝလေးအခြေအနေကြောင့် ကြီးပြင်းလာလို့ တစ်ဖြေးဖြေးအရွယ်ရောက်လာတဲ့ သားလေးအတွက် သူမငွေပိုရှာမှရတော့မယ်။

Love is Blind ( Completed  )Where stories live. Discover now