Chapter - 12

4.7K 522 9
                                    

Zawgyi



" ရှောင်း နင်ဒါဘာလုပ်တာလည်း "

ဝမ်ချင်းသည် ရှောင်းကျန့်ကို ဒေါသကြီးစွာအော်ဟစ်လာသည်။ သူမသည် ရှောင်းကျန့်အတွက် အရေးပါဆုံးလူဖြစ်ပြီး ဘာလို့ ခုဏက သူမသည် သတင်းထောက်တွေကြားထဲမှာ ချန်ထားခြင်း ခံခဲ့ရတာလည်း။

" နင် ဘာပြောချင်တာလည်း ဝမ်ချင်း "

" ခုဏတုန်းက နင်လုပ်သွားတာ ကောင်းလားဟင် နင်စဉ်းစားကြည့်စမ်း။ နင်က သူ့နဲ့ပြောချင်ရာပြောပြီးထွက်သွားခဲ့တော့ ငါတစ်ယောက်တည်း သတင်းထောက်တွေကို ဘယ်လောက်ထိရှင်းယူခဲ့ရလဲ..."

" အဲ့ဒါ နင့်တာဝန်ပဲမဟုတ်ဖူးလား "

" ဒါပေမယ့်ရှောင်း...နင့်အတွက်ငါက ဒီကိုလိုက်လာခဲ့တဲ့သူပါ။ နင့်ကြောင့်ငါက ပြန်လာခဲ့တဲ့သူပါ။ နင့်မျက်နှာ တစ်ကမ္ဘာထင်ပြီး နင့်အတွက်လိုက်လာတဲ့ငါ့ကို နင်ဒီလို ဥပေက္ခာမပြုပါနဲ့ "

" ငါတောင်းပန်ပါတယ် ဝမ်ချင်း ။ နောက်တစ်ခါ ဒီလို မဖြစ်စေရပါဘူး "

" နောက်တစ်ခါလည်း ဖြစ်လို့မရပါဘူး ။ နောက်တစ်ခါ ဒီလိုဖြစ်လာခဲ့ရင် ငါက ငါတို့နှစ်ယောက် ပတ်သက်မှုရော နင့်မျက်လုံးတွေ ပြန်မြင်နေရကြောင်းကိုပါ ငါက အားလုံးသိအောင် ဖွင့်ပြောလိုက်တော့မှာ..... "

ဝမ်ချင်းစကားကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလေးသည် ပြုံးသွားရသည်။

" ငါတို့နှစ်ယောက် ပတ်သက်မှု...."!!

" ဟုတ်တယ်လေ နိုင်ငံခြားမှာ နင်ဆေးကုနေတုန်း လူတွေအားလုံးက သိထားကြတာ ငါက နင့်မိန်းမပဲ ။ နင်က ငါ့အမျိုးသားပဲ ။ ဒါဟာ ဒီမှာ တရားဝင်ဝင် မဝင်ဝင် ငါက နင့်မိန်းမပဲလေ... "

" အော်....အော်..."

ရှောင်းကျန့်ဆက်မပြောပဲ မဲ့ပြုံးလေးနဲ့ ခေါင်းလေးသာငြိမ့်ပြနေခဲ့သည်။

ဝမ်ချင်းသည် ရှောင်းကျန့်ရဲ့ တုန်လှုပ်ဟန်မပြတဲ့ မျက်ဝန်းညိုကြီးတွေကိုစိုက်ကြည့်ပြီး ဒေါသတွေပိုထွက်လာခဲ့သည်။

နိုင်ငံခြားမှာရှိနေတုန်းကနဲ့ ဆက်ဆံမှုမတူတော့တဲ့ ရှောင်းကျန့်ပြောင်းလဲမှုဟာ ဝမ်ရိပေါ်ကြောင့်။ ဝမ်ရိပေါ်သည် ရှောင်းကျန့်ကို ဘာဆေးတွေခက်လိုက်သည်မသိဘူး နိုင်ငံခြားမှုတုန်းက ဝမ်ရိပေါ်ကို မုန်းနေတဲ့ ရှောင်းကျန့်သည် ယခု ဝမ်ရိပေါ်ကို အရေးပေးလာခဲ့သည် ။ ဥပမာ ခုဏက သတင်းထောက်တွေရှေ့မှာ တရားဝင် သူယုံကြည်ထားတဲ့သူအဖြစ် မိတ်ဆက်ပေးလာတာမျိုး ။ သူမသည် ရှောင်းကျန့်ကိုကျောခိုင်းပြီး ဝမ်ရိပေါ်ကို ရှောင်းကျန့်နားက ထွက်သွားဖို့အချက်ပြခဲ့ပေမယ့် ဝမ်ရိပေါ်သည် သူမကိုတွန်းတိုက်ပြီး ရှောင်းကျန့်နား ရောက်အောင်သွားခဲ့သည်။

Love is Blind ( Completed  )Opowieści tętniące życiem. Odkryj je teraz