Chapter - 32

4.1K 432 11
                                    

Zawgyi


ရှောင်းကျန့်ရင်ခွင်ထဲ ခေါင်းဝင်တိုးပြီးပြောလာတဲ့ ဝမ်ရိပေါ်နှုတ်ဖျားက စကားသံတိုးတိုးလေးကြောင့် ရှောင်းကျန့် ကျေနပ်စွာပြုံးလိုက်မိတယ်။

ကိုကို့ကို ကျွန်တော် သိပ်ချစ်ပါတယ်.... တဲ့

အစကတည်းက ဝန်ခံရမှာကို ချီတုန်ချတုန်ဖြစ်နေတဲ့ ကောင်လေးငယ်ငယ်က နောက်ဆုံးတော့ သူ့ရင်ထဲက ခံစားချက်တွေကို နာလည်သွားပြီထင်တယ်။ ရှောင်းကျန့်ကို ချစ်တယ်လို့ အဖြေပြန်ပေးလာခဲ့ပြီလေ။ အခုတော့ ရှောင်းကျန့်သိပ်ချစ်တဲ့ ကောင်လေးငယ်ငယ်ဟာ ရှောင်းကျန့်ရင်ခွင်ထဲမှာ။ ရှောင်းကျန့် သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ထားတဲ့ ကောင်လေး ခန္ဓာကိုယ်လေးကို အသာအယာဆွဲထုတ်ယူလိုက်သည်။

ခန္ဓာကိုယ်ချင်းက မတိမ်းမယိမ်းမလို့ ခုလိုအတူထိုင်နေကြတော့လည်း ရွယ်တူချင်းတွေလို။ ဒါပေမယ့် ကောင်လေးငယ်ငယ်က ရှောင်းကျန့်ကို သိပ်ညှာတာလွန်းတယ်။ သူ့ခန္ဓာကိုယ်ကြီးမှအားမနာ ရှောင်းကျန့်သူ့ကို မလိုအပ်တဲ့ အချိန်တိုင်းဆို ကလေးငယ်ငယ်လေးတစ်ယောက်လို ရှောင်းကျန့်အပေါ် ခင်တွယ်ကာ ဖြူစင်လွန်းတယ်။ အခုလည်းကြည့် နှစ်ယောက်အတူ မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် မြတ်နိုးစွာကြည့်နေကြပေမယ့် ကောင်လေးငယ်ငယ်ရဲ့ ဝိုင်းစက်စက်မျက်လုံးဝိုင်းလေးတွေဟာ သိပ်ကို ဖြူစင်လှပလွန်းနေတယ်။

" ငယ် "

" ဗျာ ကိုကို "

" အရမ်းချစ်တယ် "

ရှောင်းကျန့်ပြောပြောဆိုဆိုနဲ့ ဝမ်ရိပေါ်ကို ခါးလေးကနေ အသာဆွဲယူလိုက်တော့ ရှောင်းကျန့်ဘက် အလိုက်သင့်ပါလာပေးတဲ့ ခန္ဓာကိုယ်လေးဟာ အခုတော့ ရှောင်းကျန့်ပြုသမျှ နုရတော့မလို။ ရှောင်းကျန့် သူ့နား အလိုက်သင့်ရောက်လာတဲ့ ခန္ဓာကိုယ်လေးကို ထိန်းဖက်ပြီး ကောင်လေးငယ်ငယ်ရဲ့ နှုတ်ခမ်းလုံးလုံးလေးကို မြတ်နိုးစွာ နမ်းရှိုက်ယူလိုက်သည်။ ရှောင်းကျန့် အနမ်းတွေနဲ့ အသာကျနေတဲ့ ဝမ်ရိပေါ်ဟာလည်း ရှောင်းကျန့်နည်းတူ အနမ်းတွေကို တုန့်ပြန်ပေးခဲ့သည်။

Love is Blind ( Completed  )Dove le storie prendono vita. Scoprilo ora