Chapter - 17

4.8K 546 16
                                    

Zawgyi




အားနည်းတဲ့လူတစ်ယောက်မဟုတ်ပေမယ့် ကိုကို့အတွက်ဆိုရင်တော့ ကိုကိုကာကွယ်ပေးနိုင်တဲ့ အားနွဲ့တဲ့သူတစ်ယောက်ဖြစ်ချင်တယ်။ အစက ဝမ်ချင်းရိုက်လိုက်တော့ ရိပေါ်ပြန်ထပြီး တုန့်ပြန်လိုက်ဖို့ရည်ရွယ်ပေမယ့် ရိပေါ်ရှေ့ရောက်လာတဲ့ ဝီးချဲကြီးကြောင့် ရိပေါ်တုန့်ပြန်မှူသည် နောက်ကျသွားရသည်။
ရိပေါ်ရှေ့ရောက်လာပြီး ရိပေါ်ကို စိုးရိမ်ကြီးစွာ ငုံ့ကြည့်နေတဲ့ ကိုကို၏ မျက်ဝန်းညိုကြီးတွေသည် သိပ်ကိုအသက်ဝင်နေသည်။ ရိပေါ်မြေပေါ်လဲကျနေရာမှ ထရပ်လိုက်ပြီး ဝီးချဲပေါ်မှာထိုင်နေတဲ့ ကိုကို့ရင်ခွင်ထဲပြေးဝင်လိုက်ပြီး

" ကိုကို...ဟင့်... မမဝမ်ချင်းက ကျွန်တော့ကို ရိုက်တယ် "

ရှောင်းကျန့်ရင်ခွင်ထဲ ခန္ဓာကိုယ်လေးကိုင်းပြီး ရင်ငွေ့ခိုလုံလာတဲ့ ကောင်လေးငယ်ငယ်ရဲ့အသံသည် ရှောင်းကျန့်ရင်ကို ပူလောင်စေသည်။

တောက်...!!

ပြင်းထန်နဲ့ တောက်ခတ်သံနဲ့ ကြမ်းပြင်ပေါ် လွင့်ပြစ်ခံလိုက်ရတဲ့ မျက်မှန်မဲကြီး။

" ရှောင်း...."

" ဝမ်ချင်း နင်ထွက်သွား..."

" ဟို...ရှောင်း...ငါက...ငါက..."

" မင်းနဲ့ငါ နောက်မှဆက်ပြောမယ် ဝမ်ချင်း ခုလောလောဆယ်တော့ မင်းငါ့ရှေ့က အမြန်ဆုံးထွက်သွားပါ...."

ဝီးချဲပေါ်မှာထိုင်နေပေမယ့် သိပ်သန်မာလွန်းတဲ့ ရှောင်းကျန့်ဟာ သူ့ရင်ခွင်ထဲ ကလေးငယ်ငယ်တစ်ယောက်လို ငိုကျွေနေတဲ့ ကောင်လေးငယ်ငယ်ကို ထွေးပွေ့ထားပြီး ဝမ်ချင်းကို စူးရဲတဲ့ အညိုရောင်မျက်ဝန်းတွေနဲ့ စိုက်ကြည့်ကာ ဒေါသကြီးစွာ နှင်ထုတ်သည်။

" ရှောင်း..."

" ငါထွက်သွားလို့ပြောနေတယ်လေ ဝမ်ချင်း..."

" ဟင့်....ဟင့်...အဟင့်..."

ဝမ်ချင်းသည် သူ့ကို ဒေါသကြီးစွာ အော်ငေါက်နေတဲ့ ရှောင်းကျန့်ကို အံ့သြကြီးစွာကြည့်ပြီး ဝမ်းနည်းစွာရှိုက်ငိုသည်။ ဝမ်ချင်းကိုကြည့်တုန်းက စူးရဲရဲမျက်ဝန်းညိုတစ်စုံသည် သူ့ရင်ခွင်ထဲက ကောင်လေးငယ်ငယ်ကိုငုံ့ကြည့်တော့ နူးညံ့လွန်းလှသည်။ သူမ ရိုက်ချထား၍ ဖောင်းနေတဲ့ပါးလေးက လက်ငါးချောင်းရာကို ဖွဖွလေးထိတွေ့လိုက်တာများ ကြွေကျသွားတော့မယ့် ပန်းလေးတစ်ပွင့်မလို့ မထိရက် မကိုင်ရက်သလို။ ဝမ်ချင်း ဝမ်နည်းစွာ ရှိုက်ငိုရင်း ထိုမြင်ကွင်းကို ဆက်မကြည်နိုင်တော့စွာ နေရာမှ ပြေးထွက်လာခဲ့တော့သည်။

Love is Blind ( Completed  )Where stories live. Discover now