Chapter - 39

3.7K 395 12
                                    

Zawgyi

အနမ်းတွေကြားထဲ နှစ်ဝင်နေချိန်မှာ ဝုန်းကနည်း ပွင့်သွားတဲ့ တံခါးကြောင့် ရှောင်းကျန့်အနမ်းကို နှစ်မျော်စွာ ခံယူနေတဲ့ ဝမ်ရိပေါ်ခန္ဓာကိုယ်သည် ဆက်ကနဲ တုန်တက်သွားခဲ့သည်။ ရှောင်းကျန့် နမ်းရှိုက်နေတာကို မျက်လုံးလေးမှိတ်ပြီး ခံယူနေတဲ့ ဝမ်ရိပေါ်ခန္ဓာကိုယ်တုန်တက်သွားတာကြောင့် ရှောင်းကျန့် နမ်းလက်စ အနမ်းကို ရပ်တန့်ပြီး တံခါးဝကို စိုက်ကြည့်လိုက်သည်။ တံခါးဝကနေ သူတို့ နှစ်ယောက်ကို စူးစူးရဲရဲကြည့်နေတဲ့ ဝမ်ချင်းဟာ ဒေါသတွေများစွာထွက်နေသည်။ လက်သီးကို တင်းတင်းဆုတ်၍ ရှောင်းကျန့်တို့ကို ကြည့်နေတာများ ဝမ်ချင်းဟာ နဂါးဆိုလျှင်တောင် ရှောင်းကျန့်ရော ဝမ်ရိပေါ်ပါ ပြာကျသွားနိုင်သည်အထိ။

ဝမ်ချင်းသည် လီလီပြောလိုက်လို့ ကြားလိုက်ရတဲ့ စကားတွေကြောင့် ဒေါသထွက်ကာ ရှောင်းကျန့်ရုံးခန်းထဲဝင်လိုက်လျှင်ပင် နှုတ်ခမ်းချင်း ဂဟေဆက်နေတဲ့ အမျိုးသားနှစ်ယောက်ကြောင့် ဒေါသတွေ မချုပ်တီးနိုင်တော့စွာ ရှောင်းကျန့်မျက်နှာကို စူးရဲစွာကြည့်ပြီး ပုခက်ထဲမှာ အိပ်နေတဲ့ နီတာရဲကလေးသေးသေးလေးကို လက်ညိုးထိုးကာ မေးလိုက်သည်။

" ရှောင်းကျန့် ဒီကလေးကဘာလဲ နင်ဘာအချိုး ချိုးလိုက်တာလည်း "

နောက်ကျောပေးထားတဲ့ တံခါးက ဝုန်းကနည်းပွင့်သွားတာကြောင့် အနည်းငယ် လန့်မိသွားပေမယ့် နောက်ကနေ ကြားလိုက်ရတဲ့ အသံစူးစူးကြီးကြောင့် ဝမ်ရိပေါ်မျက်မှောင်လေး ကုတ်လိုက်မိသည်။ ပြီးမှ ရှောင်းကျန့်ပေါင်ပေါ်မှ အသာအယာထပြီး အိပ်ပျော်နေတဲ့ ကလေးသေးသေးလေးရဲ့ ပုခက်နား အေးဆေးစွာ လျှောက်သွားပြီး ပုခက်အတွင်းကို ငုံ့ကာကြည့်သည်။

တော်ပါသေးရဲ့ ပိစိကွေးသေးသေးလေးက သူ ခုဏက ထားခဲ့တဲ့အတိုင်း အိပ်ပျော်လျှက်ရှိနေလို့။

ဝမ်ရိပေါ် ပုခက်တွင်းက ကလေးကိုတစ်ချက်ကြည့်ပြီး ဝမ်ချင်းဘက်ကို ပြန်လှည့်ကြည့်လာခဲ့သည်။ မျက်လုံးတွေကတော့ ရေခဲသားလို အေးစက်နေလျှက်။

" အခန်းထဲဝင်မယ်ဆို တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား အတွင်းရေးမှူးဝမ်ချင်း "

Love is Blind ( Completed  )Where stories live. Discover now