Chapter - 40 ( final )

6K 428 17
                                    

လီလီသည် သူမရှေ့တည့်တည့်မှာထိုင်ပြီး ရင်ခွင်ထဲက နီတာရဲကလေးသေးသေးလေးကို ထွေးပိုက်ထားတဲ့ သားတော်မောင် ဝမ်ရိပေါ်ကို ငေးစိုက်ကာကြည့်နေမိသည်။ ဘယ်အချိန်ထိအောင် ဖုံးကွယ်ထားကြမှာလည်း သဘာဝတရားကြီးကို ဖောက်ပြန်ထားမှုကြီးကို။ သူမသားလေးဘေးက ဝီးချဲပေါ်မှာထိုင်နေတဲ့ ရှောင်းကျန့်သည်လည်း ဝမ်ရိပေါ်နည်းတူစွာ ငြိမ်သက်စွာ ရှိနေပေမယ့် အပြစ်လုပ်ထားသလို ကြောက်နေသည့်ဟန် တစ်စိုးတစ်စိမှရှိမနေခဲ့ပေ။ ရင်ခွင်ထဲက နီတာရဲ ကလေးသေးသေးလေးကို ငုံ့ကြည့်ကာ ချော့မြူနေတဲ့ သားတော်မောင် ဝမ်ရိပေါ်ကို တစ်ခါတစ်လေ မြတ်နိုးစွာ ငေးကြည့်နေခဲ့သေးသည်။ ဒါတင်မက ဝမ်ရိပေါ်ရဲ့ လွတ်နေတဲ့ လက်တစ်ဖက်ကိုများ ဖမ်းဆုတ်ပြီး ကိုင်ထားပုံမှာ ဘယ်တော့မှ လွတ်မပေးတော့တဲ့ ကိုင်ဆွဲထားမှုမျိုးလို....။

လီလီသက်ပြင်းအသာချမိသည်။ သူမတို့တာ ဒီနေ့ ရှောင်းကုမ္ပဏီကို လိုက်မသွားဖြစ်ရင် ဝမ်ချင်းကို သားရှောင်း ကလေးမွေးစားလိုက်ကြောင်း မပြောဖြစ်လိုက်ရင် ဒါတွေကို သူမတို့ သိရဦးမည်မဟုတ်ပါ။ ဘယ်လို အကြောင်းအရာတွေကြောင့် သားရှောင်းနဲ့ ရိပေါ်ကို မှားယွင်းတဲ့ သံယောဇဉ်တွေဖြစ်ပေါ်စေခဲ့တာလည်း။

" သားရှောင်း ပါပါးတို့ကို နားလည်အောင် ရှင်းမပြချင်ဘူးလား "

တိတ်ဆိတ်မှုကြီးဆိုးနေတာကို မခံနိုင်တော့တဲ့ ရှောင်းပါပါးဟာ စကားစလာခဲ့သည်။ ဒီရှောင်းအိမ်တော်မှာ ရှောင်းပါပါးသည် အသက်အရွယ်အကြီးဆုံး အိမ်ထောင်ဦးစီးမလား။ ဒါကြောင့် အခုဖြစ်ပျက်နေတဲ့ ပြသနာတွေကို ရှောင်းပါပါးဖြေရှင်းရပေလိမ့်မည်။ ဒီလိုဖြေရှင်းနိုင်ဖို့အတွက်က ပြသနာအားလုံးရဲ့အစ ဇစ်မြစ်အားလုံးကို သိရမှလေ။ ဒါကြောင့် ဖြစ်ပျက်ခဲ့သမျှကို သိရစေဖို့ ရှောင်းပါပါးက စကားစသည်။

ရှောင်းပါပါးအသံကြောင့် ဝမ်ရိပေါ်နဲ့ နီတာရဲကလေးသေးသေးလေးကို မြတ်နိုးစွာ ငေးကြည့်နေခဲ့သည့် ရှောင်းကျန့်ခေါင်းလေးမှာ ရှောင်းပါပါးထံ လှည့်ကြည့်လာခဲ့သည်။ ထို့အတူ နီတာရဲကလေးသေးသေးလေးကိုသာ ခေါင်းငုံ့ကြည့်နေတဲ့ ဝမ်ရိပေါ်မျက်နှာလေးမှာ ခေါင်းလေးမော့လာခဲ့သည်။

Love is Blind ( Completed  )Where stories live. Discover now