Chapter - 34

3.9K 438 7
                                    

Zawgyi





" နေဦး "

ဝမ်ရိပေါ် ရှောင်းကျန့်ရုံးခန်းထဲ ဖိုင်တွဲများဝင်ပို့ပြီး ပြန်ထွက်လာချိန် တားလိုက်တဲ့ ဝမ်ချင်းအသံကြောင့် ခြေလှမ်းတွေ ရပ်တန့်လိုက်သည်။ ရှောင်းကျန့် ရုံးခန်းဆိုပေမယ့် ရှောင်းကျန့်က meeting ခန်းထဲရောက်နေတော့ ဝမ်ချင်းတစ်ယောက်တည်း ရှောင်းကျန့်ရုံးခန်းထဲမှာ ရှိနေခဲ့တာပါ ။ ခုနောက်ပိုင်း ဝမ်ချင်းဟာ ရှောင်းကျန့်အတွင်းရေးမှူးဆိုပေမယ့် သူဋ္ဌေးသမီးတစ်ယောက်လို အရာရာကို ဝင်ရောက်ပါဝင်နေခဲ့သည် ။ အခုလည်း meeting ခန်းထဲမှာ ရှောင်းကျန့်နဲ့အတူ ရှိနေရမယ့် ဝမ်ချင်းဟာ meeting အခန်းထဲမှာရှိမနေပဲ ဘာလို့ ရှောင်းကျန့်ရုံးခန်းထဲ ပြန်ရောက်နေရပါသလဲ....။

သူမကို ကျောပေးပြီး အေးဆေးစွာ ရပ်နေတဲ့ ဝမ်ရိပေါ်ကို ဝမ်ချင်း သေချာကြည့်ရင်း ဝမ်ရိပေါ်နားတိုးကပ်သွားသည်။ သူမကို တစ်စက်လေးမှ ကြောက်ဟန်မပြတဲ့ ဝမ်ရိပေါ်ဟာ အေးအေးဆေးဆေးပဲ။ အခုလည်း ရှောင်းကျန့် ရုံးခန်းထဲမှာ သူမရှိနေတာကို မထူးဆန်းစွာ အေးဆေးစွာ ဖိုင်တွဲတင်ပြီး ပြန်ထွက်ဖို့ ဟန်ပြင်နေစဉ် သူမတားလိုက်သည်ကို ခပ်တည်တည်သာ ရပ်နေခဲ့ပေးသည်။

တစ်ကယ်ပဲ ဝမ်ရိပေါ်က မျက်နှာများလိုကိတာ ရှောင်းကျန့်ရှေ့ဆို မခုပ်တက်တဲ့ကြောက်လိုနဲ့ သူမရှေ့ဆို ကုပ်ဖို့ လက်သည်းတွေရှည်ထွက်နေတဲ့ ကြောင်ရိုင်းကြီးတစ်ကောင်...။

" ဝမ်ရိပေါ် နင်ကအရှက်မရှိဘူး "

ဝမ်ချင်းရဲ့ ဒေါသသံစကားအဆုံး သူမကို အေးဆေးစွာ လှည့်ကြည့်လာတဲ့ ဝမ်ရိပေါ် မျက်နှာလေးဟာ မဲ့ပြုံးကြီးနဲ့ ။

ဒီအပြုံးကြီးသည် ဝမ်ရိပေါ်ဟာ ရှောင်းကျန့်မရှိတဲ့အချိန်တွေဆို သူမကိုကြည့်ပြီး ခဏခဏပြုံးပြတက်သည်။ ဒီအပြုံးဟာ သူမကို လှောင်တဲ့အပြုံးပေါ့ ။

" ဘာကို ဆိုလိုချင်တာလည်း မမဝမ်ချင်း "

" နင် ရိုးသားချင်ယောင်ဆောင်မနေနဲ့ ဝမ်ရိပေါ်။ နင်ဘာလို့ ငါ့နားက ရှောင်းကျန့်ကို လုသွားရတာလည်း "

ဝမ်ချင်းရဲ့ပေါက်ကွဲစကားအဆုံး အသံထွက်အောင်ရယ်လိုက်တဲ့ ဝမ်ရိပေါ်ဟာ ဝမ်ချင်းမျက်နှာနားကို ခါးကိုကိုင်းပြီး မျက်ခုံးလေးပင့်ပြတယ်။

Love is Blind ( Completed  )Where stories live. Discover now