Chapter - 10

5K 515 10
                                    

Zawgyi


ရှောင်းကုမ္ပဏီဆိုတာ နာမည်အသင့်အသင့်ရှိနေတဲ့ ကုမ္ပဏီတစ်ခုပါ ။ တရုတ်နိုင်ငံမှာ လက်ချိုးရည်တွက်လို့ရတဲ့ ကုမ္ပဏီကြီးတွေများထဲမှာ ရှောင်းမျိုးနွယ်ပိုင်ဆိုင်တဲ့ ရှောင်းကုမ္ပဏီကြီးအပါအဝင်။ ဒါကြောင့် ဒီနေ့အထူး စိတ်ဝင်စားခံနေရတဲ့ ခေါင်းစဉ်ကြီးတွေနဲ့ သတင်းထောက်တွေသည် ရှောင်းကုမ္ပဏီရှေ့ ခြေချင်းလိမ်နေသည်။ အကြောင်းရင်းက ရှောင်းသူဋ္ဌေးကြီးရဲ့ တစ်ဦးတည်းသောသား ဒုက္ခတဖြစ်နေတဲ့ ရှောင်းကျန့်က ကုမ္ပဏီကိုလာမှာမလို့တဲ့။ လာတာကလည်း ရိုးရိုးသားသား ဒီအတိုင်းလာလည်တာမျိုး မဟုတ်ပဲ ရှောင်းကုမ္ပဏီရဲ့ CEO အဖြစ်နဲ့လာတာဆိုတော့ စိတ်ဝင်စားမှုက အထူးမြင့်တက်နေခဲ့သည်။

ရှောင်းကုမ္ပဏီရှေ့ထိုးရပ်လာတဲ့ ကားတစ်စီးကြောင့် သတင်ထောက်များသည် ထိုကားဘေးပတ်လည်သို့ ဝန်းရံသွားသည်။ ရောက်လာသည့်ကားက ရှောင်းကုမ္ပဏီအမှတ်တံဆိပ်နဲ့မလား။

ဝမ်ရိပေါ်ကားပေါ်ကနေ အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။

" ကိုကို "!!

ဆိုးရိမ်လို့ခေါ်လိုက်ပေမယ့် ဟန်မပျက်ရှိနေတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် သက်ပြင်းအသာချတယ်။ ဟုတ်သားပဲ ကိုကိုက မျက်စိမှ မမြင်ရတာ ။ ဒါကြောင့် ဒီလောက်ထိများပြာနေတဲ့ လူအုပ်ကြီးကို ကိုကိုမြင်မှာမဟုတ်ဖူး ။ ဝမ်ရိပေါ်အသာအယာ ရှောင်းကျန့်နားတိုးကပ်သွားပြီး ပေါင်ပေါ်တင်ထားတဲ့ ရှောင်းကျန့်လက်ဖျားလေးတွေကို ဆွဲယူဆုတ်ကိုင်ထားလိုက်သည်။

သူ့လက်နွေးနွေးပေါ် ရောက်ရှိလာတဲ့ အေးစက်စက်လက်ဖဝါးတစ်ဖက်ကြောင့် ရှောင်းကျန့်ခေါင်းအသာငုံ့ကြည့်မိသည်။

အဟား...ဒီကောင်လေးကြောက်နေတာလား။ အေးစက်နေတဲ့လက်ဖဝါးလေးသည် သူ့လက်ကိုဆုတ်ကိုင်ပြီး တုန်ရီနေသည်လေ။

" ဝမ်ရိပေါ် "

" ဗျာ ကိုကို "

" ဘာဖြစ်လို့လည်း ။ ဘာကိုမြင်လို့လည်း "

" ဟို...ဟို...ကျွန်တော်..ကျွန်တော်က..."

" မကြောက်နဲ့ ငါရှိတယ် "

Love is Blind ( Completed  )Where stories live. Discover now