Chapter - 26

4.4K 478 9
                                    

ညက ကိုကို့ရဲ့ အထိအတွေ့မှာ သာယာသွားတဲ့ ဝမ်ရိပေါ်ဟာ ကိုကိုနဲ့အတူ သဘောတူညီစွာ နှစ်ယောက်တစ်ကမ္ဘာတည်ခဲ့ကြတယ်။ ဒါဟာ ရိပေါ် ကိုကို့ကို တစ်ကယ်ချစ်မိသွားတာလားဆိုတာတော့ မဟုတ်ခဲ့သေးပါဘူး။ အထိအတွေ့မှာ သာယာမိသွားတာပါ။ ဒါဆိုကိုကိုကရော...။ ကိုကိုကတော့ ရိပေါ်ကိုချစ်တယ်တဲ့ ။ အဲ့ဒါဆို ရိပေါ်ကရော ကိုကို့ကိုချစ်လား...။ မသေချာသေးတဲ့ အဖြေတစ်ခုပါ ။ ဒါကြောင့် ယောကျာ်းသား တစ်ယောက်က မျိုးတူ ယောကျာ်းတစ်ယောက်အပေါ် ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခုကို အချိန်အတိုင်းအတာတစ်ခုထိတော့ ရိပေါ်စောင့်ကြည့်ရဦးမယ်။ တစ်ကယ်တော့ ရိပေါ် ကိုယ့်ဟာကိုယ် တစ်ကယ် gay သွားတာ ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်ယူလိုက်တာပါ..။ ဒါပေမယ့် ရိပေါ်ကိုကို့အထိအတွေ့ကို တစ်ကယ်သဘောကျတယ်။

နဖူးပေါ် ဖိနမ်းခံလိုက်ရတာကြောင့် နိုးလာတဲ့ ဝမ်ရိပေါ်ဟာ သူ့ကို ငုံ့မိုးကာကြည့်နေတဲ့ ရှောင်းကျန့်မျက်နှာချောချောကြီးကို အရင်တွေ့လိုက်ရတယ်။

မနက်ခင်းနိုးထကာစမှာတောင် လန်းဆန်းနေတဲ့ ကိုကိုဟာ ဝမ်ရိပေါ်မျက်နှာကို မြတ်နိုးစွာ ငုံ့ကြည့်ပြီး ပြုံးပြနေခဲ့တယ်။

ဒါကြောင့် ရိပေါ်နိုးထခဲ့ရတဲ့ ဒီမနက်ခင်းလေးဟာ အလွန်လှပလွန်းနေတယ်။ မြတ်နိုးမှုတွေ လွမ်းခြုံထားတဲ့ မျက်ဝန်းညိုကြီးတွေနဲ့အတူ မဲ့နက်လေးတည်ရှိနေတဲ့ နှုတ်ခမ်းပါးပါးလေးက ပြုံးရယ်နေလျှက်.....။

" Morning ပါ ကိုကို "

" အင်း morning ပါ ငယ် "

ဘုရားရေ ကိုကိုက ကျွန်တော့ကို ငယ်တဲ့ ။ ဒါဟာ မိန်းမငယ်တစ်ယောက်ကို သုံးနှုန်းတဲ့ အသုံးနှုန်းတစ်ခုမလား။ ဒါကို ဘာလို့ ကိုကိုက သူ့ကို ငယ်လို့ ခေါ်လိုက်ရတာလည်း။

ငယ်လို့ ခေါ်လိုက်စဉ် စဉ်းစားရိပ်သန်းသွားတဲ့ ရိပေါ်မျက်နှာလေးကြောင့် ရှောင်းကျန့် ဖွဖွလေး ပြုံးလိုက်မိသည်။

" ကိုကို့ နှလုံးသားထဲ တစ်ဖြေးဖြေးနဲ့ တိတ်တိတ်လေး ဝင်ရောက်လာခဲ့တဲ့ မင်းကို ကိုကိုက နုနုငယ်ငယ်လေးချစ်မိသွားလို့ပါ...။ ဒါကြောင့် ကိုကို မင်းကို ငယ်လို့ပဲ ခေါ်ပါရစေနော်... "

Love is Blind ( Completed  )Where stories live. Discover now