Chapter - 23

4.8K 528 24
                                    

ငြင်သာစွာ ထိတွေ့သွားယုံမဟုတ်ပဲ အလိုရမက်ကြီးစွာ နမ်းခံလိုက်ရတဲ့ နှုတ်ခမ်းလေးရယ်နဲ့ ရှောင်းကျန့်ရဲ့ ညီအကိုလိုမဟုတ်ဖူး ချစ်သူရည်းစားလိုဆိုတဲ့ စကားသည် ဝမ်ရိပေါ် မျက်လုံးများကို ပြူးကျယ်သွားစေသည်။

ယခုအချိန်အထိ အချစ်ဆိုတာ ဘာလည်း မသိသေးခင် အနမ်းခံလိုက်ရတာ။

သူသည် ဝမ်ချင်းကို အနိုင်လိုချင်လို့ စကားနိုင်လုခဲ့ပေမယ့် ယောကျာ်းလေးချင်း ဒီလိုချစ်လို့ရတယ်ဆိုတာ သူမသိခဲ့ဘူး။ အခုဟာကြီးက ရှောင်းကျန့်က သူ့ကို နှစ်နှစ်ကာကာကြီး နမ်းနေခဲ့တာ။ သူက တစ်ကယ် နှစ်နှစ်ကာကာကြီး နမ်းခံနေရတာ။

ရှောင်းကျန့်သည် သူပေါင်ပေါ်မှာ အတောင့်လိုက်လေးထိုင်ရင်း လူလုပ်သမျှ အံ့သြစွာ ငြိမ်ခံနေရတဲ့ ကောင်လေးငယ်ငယ်ကြောင့် ကောင်လေးကို နမ်းရှိုက်ရင်း သဘောကျစွာ ပြုံးလိုက်မိသည်။

တစ်ကယ် အဖြူထည်လေး.....။

ထူအိအိနှုတ်ခမ်းလေးကို တစ်ခါ ခဏလေး ထိတွေ့ဖူးယုံနဲ့ နောက်တစ်ကြိမ် အရသာခံဖို့ တွေးနေမိတဲ့ ရှောင်းကျန့်သည် ဒီနေ့ ဝမ်ရိပေါ် အခြားမိန်းကလေးတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောနေချိန်မှာ သူစိတ်ထဲမှာ ဖိအားများသွားခဲ့သည်။ အကယ်၍ ဝမ်ရိပေါ်သာ ရည်းစားရပြီး သူ့နားက ထွက်သွားခဲ့ရင်ရော....။ လုံးဝ အဖြစ်မခံနိုင်ပါ။ ဒါကြောင့် သူ့ရဲ့ သေချာလွန်းတဲ့ နှလုံးသားက အချစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ နောက်ဆုံးလက်နက်ကို သူထုတ်ရပေးတော့သည်။

ကောင်းလေးငယ်ငယ်ကတော့ ဒီလိုအချစ်ကို သိလိမ့်ဦးမည်မထင်။ သူက အမျိုးသားတစ်ယောက်ပေမလို့ အထိအတွေ့မှာ သာယာတက်တယ်။ ဒါကြောင့် ကောင်လေးငယ်ငယ်ရဲ့ အထိအတွေ့ အနံ့အရသာလေးကြားမှာ ပြောင်းလဲလာတဲ့ အမုန်းတရားရဲ့ နောက်ဆက်တွဲက သူ ကောင်လေးငယ်ငယ်ကိုချစ်တယ်။ ဒါကြောင့် ပိုင်ဆိုင်ချင်တယ် ။ ဒီလို နက်ရှိုင်းတဲ့ အနမ်းတွေနဲ့ ထိတွေ့ချင်တယ်။ သူက ပုထုစဉ်လူသားမလား။ အထိအတွေ့မှာ သာယာတယ်။ နူးညံ့မှုကို မက်မောတယ်။ လူတိုင်းအပေါ်တော့မဟုတ်ဖူး။ ယခု သူချစ်မိသွားတဲ့ ကောင်လေးငယ်ငယ်ကို။

Love is Blind ( Completed  )Where stories live. Discover now