Chapter - 18

5K 501 25
                                    

ပါးနုနုလေးပေါ် ဖွဖွလေးကိုင်တွယ်လာတဲ့ လက်ချောင်းလေးတွေထဲက ရေခဲစိမ်ထားတဲ့ ပဝါစလေးရဲ့ အေးစက်စက်အထိအတွေ့ကြောင့် ဝမ်ရိပေါ်ခန္ဓာကိုယ်လေး တုန်တက်သွားရသည်။

" အရမ်းနာလို့လားလား "

" ဟင့်အင့် အေးသွားလို့ပါ ကိုကို "

တောက်..!ဖောင်းအိအိ နုနယ်နယ် မျက်နှာလေးကို အရာထင်အောင် ရိုက်ရဲလိုက်တာ။

ဝမ်ရိပေါ် ပါးပြင်ကိုငေးကြည့်ရင်း စူးရဲလာတဲ့ ရှောင်းကျန့်ရဲ့ မျက်ဝန်းညိုတစ်စုံကြောင့် ဝမ်ရိပေါ်သူပါးပြင်ပေါ်ရှိ ရှောင်းကျန့်လက်ဖဝါးလေးကို ဆုတ်ကိုင်လိုက်သည်။

" ကိုကို "

" အင်း "

သူ့လက်ဖဝါးလေးထဲ ပါးလေးကပ်ပြီး ခေါ်လာတဲ့ ကောင်လေးငယ်ငယ်ရဲ့ မျက်ဝန်းတွေထဲမှာ ကျေနပ်နေတဲ့ အရိပ်အရောင်တွေ။ ပြီးတော့ ပျော်ရွှင်ကြည်နူးခြင်းတွေနဲ့ ပြည့်စုံနေသော...။

သူနဲ့ မျက်လုံချင်းဆုံလာတဲ့ ရှောင်းကျန့်မျက်ဝန်းညိုကြီးတွေကြည့်ပြီး ဝမ်ရိပေါ် ရှောင်းကျန့်ကို ကျေနပ်စွာ ပြုံးပြလိုက်သည်။

မျက်လုံးချင်းဆုံတာနဲ့ လက်ဖဝါးထဲ မျက်နှာလေးကို ကြောင်ပေါက်လေးတစ်ကောင်လို တိုးဝေ့ပြီး ရယ်ပြလာတဲ့ ကောင်လေးငယ်ငယ်ကြောင့် ရှောင်းကျန့်ပါ လိုက်ပြုံးရသည်။

" အရမ်းနာနေလား "

" ကိုကို့ကြောင့် မနာတော့ဘူးလေ "

ပြုံးရယ်ပြီး ပြောလာတဲ့ ကောင်လေးငယ်ငယ်က ဟန်ဆောင်မှုမရှိခဲ့....။

" ဝမ်ချင်းက ဘာလို့ရိုက်တာလည်း "

" သူကို ပြန်ပြောလို့နေမှာပေါ့ "

" သူ့ကို ပြန်ပြောလို့ ဟုတ်လား.."!!

" ဟုတ်ကဲ့ "

" သူ့က ဘာပြောလို့ ရိပေါ်က ပြန်ပြောရတာလည်း... "

" သူက ကျွန်တော့ကို ကိုကို့နားက ထွက်သွားတဲ့လေ "

" အင်း အဲ့ဒီတော့ မင်းက ဘာပြန်ပြောလိုက်လဲ... "!!!

" ကျွန်တော်က လုံးဝပြန်မထွက်သွားနိုင်ဘူးလို့ ပြန်ပြောလိုက်တာပေါ့ "

Love is Blind ( Completed  )Where stories live. Discover now