Chapter - 24

4.7K 505 29
                                    

ဝီးချဲကိုခေါင်းလေးငုံ့ပြီး တွန်းလာတဲ့ ဝမ်ရိပေါ်ရယ်။ ဝီးချဲပေါ်မှာထိုင်ပြီး နောက်ကိုလှည့်ကြည့် လှည့်ကြည့်နဲ့ ကျေနပ်ပြုံးပြုံးနေတဲ့ ရှောင်းကျန့်ရယ်။ ပြီးတော့ ဝမ်ရိပေါ်ခန္ဓာကိုယ်ပေါ်က ရှောင်းကျန့် အပေါ်ဝတ်ကုတ်တွေကိုပါကြည့်ပြီး ဝမ်ချင်းဒေါသထွက်မိတယ်။

၄၅ မိနစ်တိတိ။ အခန်းတံခါးပိတ်သွားတဲ့ ရုံးခန်းတံခါးနောက်ကွယ်မှာ ဘာတွေဖြစ်သွားခဲ့တာလည်း...။

ဝမ်ချင်း ကုမ္ပဏီအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ခဏထွက်ယူနေတုန်း ဘာရယ်ကြောင့်မသိစွာ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဒေါသအရမ်းထွက်သွားတယ်တဲ့။ ဒါကြောင့် ဝမ်ရိပေါ်ကို ဒေါသကြီးစွာအော်ပြီး ရုံးခန်းထဲခေါ်သွားတယ်ဆိုလို့ ဝမ်ချင်းအမြန်ပြေးလာကြည့်တော့ ရုံးခန်းတံခါးက အထဲကနေ lock ချထားသည်။ ဒါကြောင့် သူမ တံခါးဝနားနေပြီး စောင့်ကြည့်နေပေမယ့် အထဲကနေ အရမ်းကို တိတ်ဆိတ်နေတဲ့ ရုံးခန်းလေးဟာ သံသယဖြစ်ဖွယ်ကောင်းလှသည်။

ယောကျာ်းသားနှစ်ယောက် ရန်ဖြစ်ကြရင် ဆူပူမှုတွေဖြစ်လာရမယ် မဟုတ်ပါလား...။ အခုတော့ သူမထင်ထားသည်အတိုင်း ရှက်ရဲရဲ ခေါင်းငုံ့ထွက်လာတဲ့ ဝမ်ရိပေါ်ရယ် ။ ကျေနပ်နေတဲ့ ရှောင်းကျန့်မျက်နှာရယ်။ ပြီးတော့ ဝမ်ရိပေါ်ကိုယ်ပေါ်ရှိ ရှောင်းကျန့်ကုတ်အိကျီအောက်၏ လည်တိုင်နားက တစ်စွန်းတစ်စ ထွက်ပေါ်လာတဲ့ ပန်းသွေးကြွနေတဲ့ အမှတ်အသားအချို့ရယ်....။

တောက်! !!

ဝမ်ချင်းဒေါသထွက်စွာ တက်ခေါက်မိလိုက်သည်။ သိပ်ကို အတင့်ရဲကြတာ ။ ယိုသူမရှက် မြင်သူရှက်၏တဲ့ ။ ဝမ်ရိပေါ်က သိပ်ကို လွယ်ကူလွန်းတယ်။

" ငါကြည့်ရသလောက် မင်းက တတိယလူပဲ ဝမ်ချင်း..."

ဒေါသထွက်နေပါတယ်ဆိုမှ ခါးကိုကိုင်းပြီး နားနားကပ်ကာ ပြောလာတဲ့ လူကြောင့် ဝမ်ချင်း ထိုလူကို ငဲ့စောင်းကြည့်သည်။ ဟိုတစ်နေ့က ဘားကလူ..။ ထိုလူက ဘာလို့ ဒီကုမ္ပဏီကို ရောက်နေရတာလည်း...။

" ရှင် ဘယ်သူလည်း ။ ကျွန်မကို ဘယ်လိုလုပ်သိနေတာလည်း။ ကိုယ့် ကိစ္စမဟုတ်ပဲ ဘာလို့ လာဝင်ပါနေရတာလည်း...."

Love is Blind ( Completed  )Where stories live. Discover now