Zawgyi
" သားရှောင်း "
" ဗျာ ပါပါး "
" သားနဲ့ ဝမ်ချင်း ဘယ်တော့လောက် လက်ထပ်ကြမလဲဟင် "
ရှောင်းပါပါးစကားကြောင့် ရှောင်းကျန့် စားလက်စ ထမင်းလုပ်ကို ရပ်တန့်လိုက်မိသလို ဝမ်ရိပေါ်လည်း ခေါင်းလေးထောင်ပြီး နားစွန့်လာခဲ့သည်။ ပါပါးရှောင်းကတော့ ရှောင်းကျန့်မျက်နှာလေးကို စူးစူးစိုက်စိုက်ကြည့်နေသလို လီလီကလည်း ရှောင်းကျန့်အဖြေကို စောင့်မျှောနေလျှက်... ။
" ပါပါး ကျွန်တော်က..."
ရှောင်းကျန့်ဟာ သူချစ်သူဟာ ဝမ်ချင်းမဟုတ်ပဲ ဝမ်ရိပေါ်ဆိုတာ ပြောပြဖို့ပြင်လိုက်သည်ကို ဝမ်ရိပေါ်က သိနားလည်တယ်ထင်တယ်။ ပေါင်ပေါ်တင်ထားတဲ့ ရှောင်းကျန့်လက်ကို ဝမ်ရိပေါ်က ချက်ချင်းလာပြီးဖိကိုင်လိုက်တယ်။ ရှောင်းကျန့် အဖြေရှာတဲ့ မျက်ဝန်းတွေနဲ့ကြည့်လိုက်မိတော့ အသာခေါင်းခါပြတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်သက်ပြင်းအသာချပြီး ငြိမ်နေလိုက်တယ်။
" သားရှောင်း အချိန်တွေအရမ်းဆွဲနေတာမကောင်းဘူးလေ။ တစ်ဖက်မိန်းကလေးဘက်လည်း ထည့်တွေးပေးရမှာပေါ့။ သားတို့က တစ်ဖြေးဖြေးငယ်သွားတာမဟုတ်ဘူး အသက်တွေက တစ်နေ့ထက် တစ်နေ့ ပိုပြီးကြီးလာခဲ့တာ ။ ဒါကြောင့် သားအိမ်ထောင်ပြုလို့ သား ၊ သမီးထွန်းကားတဲ့အချိန်မှာ သားတို့ အိုမင်းမစွမ်းဖြစ်သွားချိန်ရောက်တဲ့အချိန်အထိ ကလေးငယ်ငယ်နဲ့ ဒုက္ခများနေတာ ပါပါးတို့မမြင်နိုင်ဘူး။ ဒါကြောင့် သားတို့ ကျန်းမာသန်စွမ်းတုန်းအချိန်မှာ အမြန်လက်ထပ်ပြီး သားသမီးရတနာလေ အမြန်ယူသင့်တယ် "
ရှောင်းပါပါးရဲ့ စကားကို လီလီက ခေါင်းလေးငြိမ့်ပြတယ်။ ဝမ်ရိပေါ်ကတော့ ဒီအတိုင်းလေး ထိုင်ပြီး ငေးနေရင်ပေါ့။ ရှောင်းကျန့်ကတော့ ထမင်းဝိုင်းမှာထိုင်နေတဲ့ ရှောင်းပါး၊ လီလီနဲ့ ဝမ်ရိပေါ်တို့ရဲ့ မျက်နှာတွေကို တစ်ယောက်ချင်းနား စိတ်ဝင်စားစွာလိုက်လို့ကြည့်တယ်။
ရှောင်းပါပါးပြောတာ မမှားပါ။ ဒါပေမယ့် သူချစ်တာက ကောင်လေးငယ်ငယ်ဖြစ်နေတဲ့အခါ ရှောင်းကျန့်ဟာ သူ့ဘဝမှာ ကလေးရယူဖို့ အစီအစဉ်ကို ပယ်ဖျက်ထားလိုက်တယ်လေ။ သူရယ် ငယ်ရယ် ထာဝရ သက်ဆုံးတိုင် အတူနေသွားကြမယ်ပေါ့။ အခုတော့ ရှောင်းပါပါးက ကလေးယူဖို့ပြောလာတော့လည်း ရှောင်းကျန့်တစ်မျိုး စဉ်းစားရတယ်။ သားသမီးရတနာဆိုတာ ရှိသင့်ပါတယ်လေ။ ရှောင်းကျန့် ခုံအောက်ကနေ သူ့လက်ကို ဖိကိုင်ထားတဲ့ ဝမ်ရိပေါ်လက်ကို အပေါ်ကနေ အသာပြန်ဖိကိုင်ထားလိုက်သည်။