Chapter - 11

4.8K 536 9
                                    

Zawgyi


" ဝမ်ရိပေါ် မင်းကို ငါယုံကြည်လို့ရမလား "!!

ဝမ်ရိပေါ်ဘက်လှည့်ကာ မေးလာတဲ့စကားလေးကြောင့် ဝမ်ရိပေါ် မျက်လုံးလေးများဝိုင်းအောင် ပြူးကျယ်ကာ အံ့သြသွားရသည်။ ဒါဟာ ကိုကိုက ရိပေါ်ကို ယုံကြည်ပေးခြင်းလား။ အခွင့်အရေးပေးခြင်းလား။ ဝမ်ရိပေါ် ကိုကိုရှိရာဘက် လှည့်ကြည့်မိတော့ သူရှိရာဘက်လှည့်ထိုင်နေသည့်ကိုကိုသည် သူ့ကိုပဲ ငေးကြည့်နေသလို။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတဲ့အတွေးနဲ့ ရိပေါ်ခေါင်းခါမိသည်။ မျက်စိမမြင်ရလို့ ဖုံးကွယ်ထားတဲ့ မျက်မှန်မဲကြီးအောက်မှာ ရှိနေမှာက လှုပ်ရှားမရနိုင်တော့တဲ့ မျက်ဝန်းညိုတွေလေ။

" ဖြေပေးပါ မစ္စတာဝမ်ရိပေါ် "

သတင်းထောက်တွေကပါ ရိပေါ်စကားသံကို စိတ်ဝင်စားစွာ နားစွန်းနေကြသည်။

ဝမ်ရိပေါ်သည် ရှောင်းကျန့်မျက်နှာကိုကြည့်ရင်း ရှောင်းကျန့်ရှေ့ကို တစ်လှမ်းခြင်း လျှောက်သွားခဲ့သည်။ ရှောင်းကျန့်ကလည်း ဝမ်ရိပေါ် သူ့နားရောက်လာသည့်အချိန်ကို စောင့်ကြည့်နေသလိုပင်။ ဝမ်ရိပေါ်နှင့် ရှောင်းကျန့်ကြားထဲမှာ ခြေလှမ်း ၁၀ လှမ်းလောက်အကွာမှာ သူတို့နှစ်ယောက်ကြားထဲ ဝင်ရောက်လာတဲ့ ဝမ်ချင်းကြောင့် ဝမ်ရိပေါ်ခြေလှမ်းတွေ ရပ်တန့်သွားရသလို မျက်မှန်မဲကြီးအောက်က ရှောင်းကျန့်မျက်ဝန်းတွေလည်း စူးရဲသွားသည်။ သတင်းထောက်တွေကလည်း သူတို့ သုံးယောက်ရဲ့ အပြုအမူတွေကို စိတ်ဝင်စားစွာ စောင့်ကြည့်နေခဲ့ကြသည်။ ထိုအချိန်မှာ ထိုအခြေအနေကြီးကို စတင်ပြီး ပြန်လည်လှုပ်ရှားလာစေတဲ့ ရှောင်းကျန့်

" ဝမ်ရိပေါ် "

" ဗျာ ကိုကို "

" မင်း ဘယ်မှာလဲ "

" ကျွန်တော် ကိုကို့ရှေ့မှာပါ "

" မင်း ငါ့နားကို ရောက်လာဖို့ ခက်ခဲနေတာလား..."

" မဟုတ်ပါဘူးကိုကို ဒါပေမယ့် ကျွန်တော့အတွက် ကိုကို့နားကိုရောက်ဖို့က အတားအစီးတွေက များလွန်းနေတာပါ... "

" ငါ မင်းကို ယုံကြည်စေချင်တယ်မလား။ အဲ့ဒါဆို ဘယ်လောက်ခက်ခဲနေပါစေ အဲ့ဒီအတားအစီးတွေကို မင်းကျော်ဖြတ်လာနိုင်ရမှာပေါ့..."

Love is Blind ( Completed  )Where stories live. Discover now