Chapter - 38

3.8K 389 15
                                    

ရှောင်းကုမ္ပဏီရှေ့ထိုးရပ်လာတဲ့ ကားလေးသည် ရှောင်းအမှတ်တံဆိတ်လေးပါကပ်ထားသည်မလို့ ဒီကားလေးသည် ရှောင်းကုမ္ပဏီ၏သူဋ္ဌေးလေး ရှောင်းရှောင်ကျန့် စီးလာသည့် ကားဖြစ်သည်ဟု အထူးပင် ပြောပြစရာပင်မလိုခဲ့ပေ။

ကားလေးသည် ကုမ္ပဏီရှေ့ထိုးရပ်သွားသည်နှင့် တစ်ဖက်ကားတံခါးလေးပွင့်လာပြီး ကောင်လေးတစ်ယောက်ဆင်းလာခဲ့သည်။ ထိုကောင်လေးသည်လည်း အထူးပင်ပြောပြဖို့မလိုပေ။ အကြောင်းရင်းက သူဋ္ဌေးလေးရှောင်းကျန့်ရဲ့ကားပေါ် စီးခွင့်ရသည့်လူဆိုသည်မှာ ရှောင်းကျန့်ပါပါး၏ ဒုတိယမိန်းမရဲ့သား ဝမ်ရိပေါ် တစ်ယောက်တည်းသာရှိသောကြောင့်ဖြစ်သည်။

ဒါပေမယ့် ဒီတစ်ခါတော့ ကားပေါ်ကဆင်းလာသည့် ဝမ်ရိပေါ်ကို လူတွေအံ့သြစွာဝိုင်းကြည့်ကြသည်။ အကြောင်းရင်းက ဝမ်ရိပေါ်လက်ထဲက လသားအရွယ် ကလေးနီတာရဲလေးကြောင့်။ ဝမ်ရိပေါ်သည် ရှောင်းကျန့်နည်းတူ ကုမ္ပဏီမှာ အရှိန်အဝါကြီးသူဖြစ်သည်။ ဒါပေမယ့် မောက်မာသူလည်းမဟုတ်။ သူ့ဟာသူ တစ်ယောက်တည်း အေးဆေးစွာနေတက်သူဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများကိုလည်း အထိုက်အလျောက်ကူညီပေးသူဖြစ်သည်။ ဒါကြောင့် ဝမ်ရိပေါ်ကိုလည်း ရှောင်းကျန့်နည်းတူ ကုမ္ပဏီက ဝန်ထမ်းတွေက ရှိန်နေရသည်။ ရှိန်ရခြင်းအနေအထားကလည်းရှိတယ်မလား ဝမ်ရိပေါ်သည် ရှောင်းသူဋ္ဌေးလေးရဲ့ အနီးကပ်အတွင်းလူဖြစ်ပြီး ရှောင်းကုမ္ပဏီရဲ့ ဒုတိယဆက်ခံသူလည်း ဖြစ်နေသည်မလား။ ဒါကြောင့် ဝမ်ရိပေါ်ကိုလည်း ဝန်ထမ်းတွေက ကြောက်ကြရသည်။ ဒါပေမယ့် ဒီနေ့ ကားပေါ်ကဆင်းလာတဲ့ ဝမ်ရိပေါ်ကိုတော့ ဝန်ထမ်းတွေက အားမနာစွာ ငေးစိုက်ကြည့်ကြသည်။

ဝမ်ရိပေါ်ကတော့ ကားပေါ်ကဆင်းပြီး ဘယ်သူ့မှ ဂရုမစိုက်စွာ လက်ထဲမှာ ပွေ့ပိုက်ထားတဲ့ ကလေးနီတာရဲလေးကို ငုံ့မိုးကာကြည့်နေသည်။ ဒါကြောင့် ဂိတ်ဝက အစောင့်ကောင်လေးသည် အလိုက်သိစွာ ကားထဲမှာ ကျန်ရှိနေသည့် သူဋ္ဌေးလေး ရှောင်းကျန့်ကို ကားပေါ်ကဆင်းနိုင်ရန် ကူညီပေးသည်။ ဒါပေမယ့် ဝန်ထမ်းကောင်လေးရဲ့ လက်တွေသည် ရှောင်းကျန့်၏ ဝီးချဲလေးပေါ် လက်မရောက်ခင်မှာ တားစီးခံလိုက်ရသည်။

Love is Blind ( Completed  )Donde viven las historias. Descúbrelo ahora