Episode-1(Unexpected Meet❣️)

4.5K 230 2
                                    


ကိုယ်တို့နှစ်ယောက်ရဲ့ ပြန်လည် တွေ့ဆုံမှုတစ်ခုဟာ
ဘယ်လိုပုံစံမျိုးလဲလို့ အမြဲ စိတ်ကူးယဉ်ကြည့် ပုံဖော်
ကြည့်ခဲ့ရတာ...ကိုယ်ဝန်ခံပါတယ် အဲ့အချိန်လေးမှာ
တောင် ကိုယ်ရင်တွေ သိမ့်သိမ့်တုန်ပြီးလှိုက်ဖိုနေခဲ့တာ။
အပြုံးတစ်ခုဆွဲချိတ်ရင်းပေါ့လေ.....

_______\\\\\\\\\\________\\\\\\\\\\\_____

IT & Software Company's software designer

Kim seok jin

အသားအရောင်မှာ ဖြူဖွေးသည်ထက် ကြည်လင်
တောက်ပသည်ဟု ရည်ညွှန်းလျင် ပိုသင့်တော်သည်။
ပြီးပြည့်စုံသည်ဟု ပြောရလောက်သော ခန္တာကိုယ်
အချိုးအစား မြင့်မားသောအရပ်တို့ကြောင့်
ဘာဝတ်တတ်ကြည့်ကောင်းကာ smart ဖြစ်နေသူ
သွယ်လှပြီး မိန်းကလေးများအရှုံးပေးရလောက်သော မျက်နှာပေါက် သွယ်လှသော နှာတံ ကြင်နာပြီးရွှန်းလဲ့ နေသယောင် မျက်ဝန်းတစ်စုံဖြင့် ပြီးပြည့်စုံတာထက်ပို လွန်းသည်ကတော့ နှင်းဆီရောင်သန်းပြီး ဖူးငုံပြည့်ဝန်း
နေသည့် နှုတ်ခမ်းဖူးဖူးတွေက ကြည့်မိသူတိုင်းကို တသက်မမေ့နိူင်လောက်သော ရုပ်ရည်ပိုင်ဆိုင်ထားပြီး အသက် 29နှစ်လို့တောင် မထင်မှတ်ရသော ထိုသူသည် company တွင် မသိသူမရှိအောင် နံမည်ကြီးပြီး အရည်အချင်းရှိသော Electronic engineer တစ်ယောက်
ဖြစ်သည်။

Girl-ဆရာ meeting စပါတော့မယ်နော်

Jin-Ok ကိုယ်လာနေပါပြီ !

Meeting room ထဲကို ဝင်လိုက်တာနဲ့  Boss က

Boss-Sir သူက Kim seok jin ပါ ~Jin ဒီက Mr-jeon Jk construction's CEO

Boss ဆီမှ အကြည့်လွှဲကာ လက်ဆွဲနှုတ်ဆက်ဖို့ လက်
ကမ်းရင်း မော့ကြည့်လိုက်ချိန်....အင်မတန်မှ ရင်းနှီး
ခဲ့ရပါသော မျက်နှာတစ်ခု...

Jin'pov: 'မောင်'............ကမ္ဘာကြီးတစ်ခုလုံး
ရပ်တန့်သွားသလို ခံစားချက်မျိုး နားထဲတွင်
ဘယ်ဖက်ရင်အုံမှ နှလုံးခုန်သံက ဗုံးများစွာပေါက်ကွဲ
နေသလို အကျင့်အတိုင်း မျက်နှာတစ်ခုလုံး နီရဲကာ လက်ဖျားခြေဖျားများ အေးစက်နေပြီး ခတ္တ ခဏ
လောကကြီးနဲ့ အဆက်အသွယ်ပြတ်တောက်နေရင်း....'Jin'. 'Jin'.... boss နံမည်ခေါ်မှ အသိဝင်
လာပြီး စိတ်အစဉ်ကိုစုစည်းလိုက်ကာ

It is you 🍂(Completed)Where stories live. Discover now