Episode-6(Family with Scars 🩹)

2.1K 219 8
                                    

မိသားစုဆိုတာ ရွေးချယ်လို့ မရခဲ့ဘဲ အတိတ်ဘဝက
ရေစက်တွေ ပတ်သတ်မှုတွေကြောင့် ဖြစ်တည်လာတဲ့
ဘယ်တော့မှ ပြောင်းလဲပစ်လို့မရတဲ့ အရင်းနှီးဆုံး
လူသားတွေ....တစ်ယောက်နာကျင်ဝမ်းနဲနေရရင်
အလိုလိုနာကျင်ခံစားကြရတာက အခိုင်မာဆုံး
မေတ္တာတရားတွေကြောင့်......နာကျည်းမရနိူင်သလို လျစ်လျူရှု၍လည်းမရ
မိသားစုတစ်ခု ပျော်ရွှင်နေဖို့ အရေးကြီးဆုံးက
ဘာတွေလဲ.....သေချာတာက ကျွန်တော်တို့
တစ်ယောက်ကို တစ်ယောက် အဆုံးထိ လက်မလွှတ်
ခဲ့ကြခြင်းများလား....

**********************************************

Flashback start:

Jin-ကျွန်တော်က နားလည်ဖို့ မလွယ်တဲ့လူ
တစ်ယောက်..တခါတလေ ကိုယ့်ကိုကိုယ်တောင်
နားမလည်နိူင်ဘူး
တခြားသူ နားမလည်တာကတော့ မထူးဆန်း
လွန်းပါ...အမြဲတမ်း အတွေးတွေထဲ နေထိုင်နေတတ်
တဲ့သူ..သေချာတာက ပျော်ရွှင်မှုနည်းပြီး မြိုသိပ်
တတ်တဲ့သူ...
တည်ငြိမ်ပြီး သွေးအေးသလို ဟန်ဆောင်ကောင်းတဲ့သူ
အတွေးတွေထဲမှာတော့ အကြိမ်ကြိမ်ပြိုလဲနေရင်း
အဲ့တာတွေက ကျွန်တော့်ရဲ့ ငယ်ဘဝထဲက ခံစားခဲ့ရတဲ့
စိတ်ဒဏ်ရာတွေကြောင့်ဆိုတာ ကျွန်တော်ကလွဲပြီး ဘယ်သူမှမသိနိူင်...စိတ်ဒဏ်ရာတွေအပြည့်နဲ့
အတိတ်ကိုဖုံးကွယ်ဖို့ အသက်မဲ့တဲ့ မျက်လုံး
မာန်အပြည့်နဲ့ မျက်နှာကိုတွဲဖက်ထားရင်း
အများအမြင်မှာ နှလုံးသားမရှိ ကြင်နာခြင်းမရှိတဲ့
တကိုယ်ကောင်းဆန်သူအဖြစ် မြင်စေရင်း......

ကျွန်တော့်မှာ မိသားစု ၅ယောက်ရှိတယ် ဖေဖေ
မေမေ နဲ့ ကျွန်တော်နဲ့ ညီငယ် ၂ယောက်...

ဖေဖေက သာမာန် ရုံးဝန်ထမ်း မေမေက မှီခိုသူပေါ့
ဖေဖေက အနေအေးပြီး ရိုးရှင်း အေးချမ်းစွာ
နေတတ်သူ..
စိတ်ထားကောင်းတယ်  အကောင်းမြင်စိတ်
အပြည့်ရှိပြီး အားနာစိတ်ကြီးလွန်းတယ်
စကားနည်းတယ် မိသားစုကို သူတတ်နိူင်သလောက်
ဖြည့်စီးပေးတယ် အလုပ်မှာရောအိမ်အလုပ်တွေပါ
တာဝန်ယူတတ်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဒါပေမယ့် အရက်မူးနေချိန်မှာတော့ ဖေဖေဟာ
တခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်
ကျွန်တော့်ကို စိတ်ဒဏ်ရာတွေ ပေးသူအဖြစ်ပေါ့
တချိန်မှာတော့ ဖေဖေကို့ ဘယ်လောက်ထိ လေးစားပြီး ချစ်ပါတယ် ဖေဖေတာဝန်ကျေပါတယ်ဆိုတဲ့
နွေးထွေးတဲ့ စကားလုံးလေးတွေကို ပြောမိနိူင်ရဲ့လား...

It is you 🍂(Completed)Where stories live. Discover now