Episode-22(A Frozen Heart ❄️)

1.3K 151 17
                                    

ကာရန်မညီတဲ့ သီချင်းတေးသွားတွေဟာ
စာသားတွေ ဘယ်လောက်လှလှ ဂန္တာဝင်တွင်
မှာ မဟုတ်သလို...သူ လစ်လျူရှုလိုက်တဲ့
ကျွန်တော်ရဲ့ အချစ်တွေဟာလဲ ဘယ်လောက်
ခမ်းနားကြီးကျယ်ပြီး ပြောစမတ်တွင်နေပါစေ
အသုံးမဝင်နိူင်တဲ့ ဒြပ်မဲ့ ပစ္စည်းတစ်ခုမျှသာ...
ပျားသကာတွေ ချိုလွန်းရင် အဆိပ်အတောက်
ဖြစ်သွားတတ်တယ်တဲ့...
ကျွန်တော်တို့ ချစ်ခြင်းမေတ္တာတွေကလဲ အချိုဓါတ်
လွန်ကဲ လွန်းခဲ့လို့ အဆိပ်ထက် ပြင်းရှုသွားရတာလား
အဲ့အချိုဆိပ်အတွက် ဖြေဆေးဆိုတာဟာလဲ
ဒီလူ့လောကကြီးထဲမှာ မပေါ်လာသေး....။

______________🥀🥀🥀_____________

📲~~တီ~~တီ~~📲

Jk-^ဟုတ်..yoongi hyung-!!..ဘာဖြစ်လို့လဲ..!!^

Yg-^jungkook _!!hyung ထွက်သွားပြီ..ဆေးရုံမှာ
မရှိတော့ဘူး...ဘယ်ထွက်သွားလဲ မသိဘူး...
ငါ့ကားကို ယူသွားတယ်...^

Yg စကားကြားလိုက်တာနဲ့ jungkook တစ်ယောက်
မီးခဲကို ကိုင်မိသလို ထူပူသွားကာ မောင်းနေတဲ့
ကားကို ဝုန်း ကနဲ ရပ်မိလိုက်သည်။

Jk-^ဗျာ-!!! ဖုန်းကော ယူသွားလား-!!?^

Yg-^မယူသွားဘူး..ကျန်တာမစိုးရိမ်ဘူး..
သူ့ကိုယ်သူ တစ်ခုခု..ဟာ..!! ဘယ်လိုလုပ်မလဲ
jungkook ဘယ်မှာရှာကြမလဲ..!!?^

Jk-^ကား..ကားကို tracking လိုက်ရမှာပေါ့..!!^

Yg-^GPS ကပိတ်ထားတယ်..Tae hyung ကအခု
ဒီပတ်ဝန်းကျင်မှာတော့ ရှာနေပြီ..!!^

Jk-^ကျွန်တော်သိပြီ..ကားစထွက်တဲ့ နေရာကစပြီး
CCTV တွေနဲ့ လိုက်ရှာလိုက်မယ်...ဒါပဲနော်..
တစ်ခုခု ထူးရင် ဖုန်းဆက်လိုက်...!!^

CCTV များအတိုင်း ကားရဲ့ ဦးတည်ရာက
ကမ်းခြေတစ်ခုဆီသို့..

"ဘာတွေတွေးနေတာလဲ...အဲ့လို ဆုံးဖြတ်လို့
မရဘူးလေဗျာ...ဘာလုပ်မလို့လဲ hyung ရာ..
တောင်းပန်ပါတယ်...ဒီလိုတော့ မလုပ်ပါနဲ့..အဲ့လို
မဟုတ်ပါစေနဲ့..မဖြစ်ရဘူး..
hyung ကပါ တစ်ခုခု ထပ်ဖြစ်ရင် ကျွန်တော် သေသွား
လိမ့်မယ်..တောင်းပန်ပါတယ်ဗျာ..ဘာမှ မလုပ်ပါနဲ့.!!"

ကားကို အရှိန်အမြင့်ဆုံးမောင်းရင်း တစ်လမ်းလုံး
ဆုတွေတောင်းလာခဲ့တဲ့ jungkook ဆုတောင်းတွေ
ဟာ တကယ်ပြည့်နိူင်ပါ့တော့မလား...။

It is you 🍂(Completed)Where stories live. Discover now