Finale-(Everlasting Love ❤️)

4.3K 202 38
                                    

မြတ်နိုးလွန်းစွာ ချစ်ရပါသော ချစ်ရသူရဲ့
မျက်နှာတော်ကို ဖူးမြော်ခွင့် ရဖို့ဆိုရင်
တောတောင်တွေ သမုဒ္ဒရာ ပင်လယ်ပြင်နဲ့
ကျောက်ဆောင် ကျောက်သား အထပ်ထပ်
ဟာ မည်မျှပင် ကားဆီး ပိတ်ပင်နေပါစေ
ရှိသမျှ အင်အားတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ပြီး
သူရှိရာ နေရာကိုသာ အရောက်သွားချင်မိတဲ့
မွတ်သိပ်လွန်းသော အချစ်စိတ်....

ချစ်ရတဲ့သူ နှစ်ယောက်သာ အတူရှိခွင့်ရရင်...
ဆူးညှောင့်ခလုတ်တွေ အပြည့်နဲ့ ကြမ်းတမ်း
ပါတယ်ဆိုတဲ့ ခယောင်းလမ်းတွေကို
မျက်နှာတကွက် မပျက်ယွင်းဘဲ ပြုံးပျော်၍သာ
အဆုံးထိတိုင် လျှောက်လှမ်းနိူင်ပါ၏။

အချစ်စစ်တို့မည်သည် သာယာဖြောင့်ဖြူးခြင်း
အလျဉ်းမရှိ..ထိုချစ်ခြင်းရဲ့ သဘောသဘာဝ
ဖြစ်သော အကွေ့အကောက်များနဲ့ မာယာတောကို
အချစ်ရဲ့ စွမ်းအားတွေဖြင့် ကြံ့ကြံ့ခိုင် ရင်ဆိုင်
ကျော်လွှား နိူင်ခြင်းကသာ ခံစားသိရှိခွင့်ရနိူင်မည့်
အချိုမြိန်ဆုံးသော အချစ်စစ်တို့ရဲ့ တန်ဖိုး
အနှစ်သာရတွေ....

ချစ်ခြင်း အင်္လကာဟာ အဓိပ္ပါယ်ဖွင့်ဆိုချက်များစွာနဲ့
အနက်ဖွဲ့ဆိုပါသော်လည်း အင်္လကာ မြောက်ခြင်း
မရှိသည့်ပမာ လေးနက်သာလွန်၍
နက်နက်ရှိုင်းရှိုင်း ဖြစ်တည်လာပါသော
တန်ခိုးစွမ်းအင် အကြီးဆုံး ဒြပ်မဲ့ အရာလေးတစ်ခု....

ထိုအရာကို "အချစ်" ဟုခေါ်ဆိုသည်။

______________Love ❤️____________

ကြည်လင်အေးမြ နေဖွယ်ရှိသော ကန်ရေပြင်ကျယ်
ကြီးရဲ့ ဘေးကမြက်ခင်းစိမ်း လွင်လွင်လေးပေါ်ဝယ်
ကော်ဇော်နီ အရှည်ကြီးတစ်ခုဟာ ထည်ထည်ဝါဝါ......

It is you 🍂(Completed)Where stories live. Discover now