Episode-24(All out of love 💝)

2.1K 175 31
                                    

နှလုံးသားရဲ့ လိုအင်ဆန္ဒတွေကို
ကဗျာဆန်ဆန် ဖွဲ့နွဲ့ရမယ်ဆိုရင်...
ရှင်သန်ဖို့ လိုအပ်ရတဲ့
နေရောင်ခြည်လေး တဖြစ်
သူ့ရဲ့ အလင်းကို ခံယူ ထွန်းလင်းပြီး
အနွေးဓါတ်လေးကို လိုချင်မိတယ်....
လေပြေလေညှင်းတွေ အဖြစ်လဲ
သူ့ရဲ့ ညင်သာတိုးဝှေ့မှုလေးမှာပဲ
သာယာယိမ်းနွဲ့ရင်း မြူးထူးကခုန်ချင်မိတာ..
ရေချိုအေးလေး အသွင်နဲ့
သူ့ရဲ့ တုနှိုင်းမဲ့အရသာလေးကို
ဆုပ်ယူသောက်သုံးပြီးမှ ရေဓါတ်ဖြည့်ချင်မိပါရဲ့
ကျွန်တော့် နှလုံးသား သစ်ပင်လေး
ကောင်းမွန်စွာ ရှင်သန်ကြီးထွားလာဖို့ကတော့
မရှိမဖြစ် လိုအပ်တဲ့ သူတစ်ဦးတည်းကသာ
နှလုံးသားလေးရဲ့ ရေသောက်မြစ်လေးရယ်ပါ....
ကိုယ့်အတွက်ကတော့ သူဟာ သဘာဝတရားလို
မရှိမဖြစ်နဲ့ အလိုအပ်ဆုံးသော အရသာ...
အခုလို အာသီသပြင်းပြင်းတွေပြည့်နှက်နေတဲ့
နှလုံးသားရဲ့ အလိုကို လိုက်ရုံကလွဲလို့
ကိုယ်ဘာများတတ်နိူင်ရအုံးမှာလဲ....

_________All out of love 💗 _________

Jungkook namjoon ပြောတဲ့ club ထဲကို ရောက်တာ
နဲ့ dancing floor ရဲ့ ဘေးက ဝိုင်းအလွတ်လေးတွင်
wine ခွက်လေးနဲ့အတူ နေရာယူလို့ ပြီးပြီးချင်း
သူ့ရည်ရွယ်ချက်ကို စတင် အကောင်အထည်
ဖော်လိုက်သည်။

club ကြီးတစ်ခုလုံးဟာ ဒီနေ့ညမှာတော့ အမိမိုက်ဆုံး
style နဲ့ ကြည့်ကောင်း ခန့်ညားလွန်းနေတဲ့
ငယ်ငယ်ချောချော နာမည်ကြီး CEO Jeon jungkook ကြောင့် အုန်းအုန်းကျက်ကျက် ဖြစ်နေရကာ
မိန်းကလေးတွေ သာမက ယောကျ်ားလေးတွေ
ကပါ လည်ပြန်ငေးကြည့် ယူလောက်ရတဲ့အထိ
သူ့ရဲ့ အရှိန်အဝါဟာ တောက်ပလွန်းနေသလို
အားလုံးရဲ့ အာရုံတွေကိုလဲ သိမ်းကြုံး ဆွဲဆောင်
ထားနိူင်လွန်းနေသည်။

jungkook ရဲ့ အာရုံတွေ ကတော့ ဒီနေ့ည ဒီနေရာတွင်
သူ့ရဲ့ ချစ်ရသူကို ရှာဖွေဖို့သာ စိတ်အားထက်သန်
နေတော့သည်။မျက်လုံးအိမ်ထဲမှာလည်း ပူလောင်
မှုတွေ စိုးထိတ်မှုတွေ အပြည့်နဲ့ ဂနာမငြိမ်နိူင်ပါ...။

It is you 🍂(Completed)Tempat cerita menjadi hidup. Temukan sekarang