Episode-15(A Villain of you 🔥)

1.9K 186 5
                                    

ရုပ်ရှင်ဇာတ်လမ်းတွေထဲက ဇာတ်ပို့ ဒါမှမဟုတ်
ဗီလိန်တွေကို လူတွေက သိပ်မုန်းတတ်ကြတာပဲ
ကျွန်တော်ကတော့ အရမ်းသနားမိတယ်
သူ့မှာဗျာ သူချစ်တဲ့လူကပြန်မချစ်နိူင်ဘူးဆိုတာ
သိလျက်နဲ့ လူသားမဆန်တဲ့လုပ်ရပ်တွေလုပ်ရင်း
လူကြမ်းကြီး ဖြစ်ရတော့တယ်..အဲ့တော့မှလည်း
သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက
ရာဇဝင်တွင်လောက်အောင် ကြီးကျယ်ခမ်းနား
သွားပြီး ပျော်ရွှင်စွာလက်တွဲသွားကြရတယ်တဲ့လေ
ဗီလိန်လေးရဲ့ အချစ်ဟာ လောင်စာတစ်ခုလိုပေါ့
သူချစ်ရသူ တောက်တောက်ပပနဲ့ လှပနေစေဖို့
ကိုယ်တိုင် လောင်ကျွမ်းခံရင်း ဘယ်လိုမှ အသုံး
မဝင်နိူင်တဲ့ ပြာလေးဖြစ်သွားရတာမျိုး..
ဗီလိန်လေးကတော့ အဲ့ဒါကိုမှ အချစ်လို့ခေါင်းစဉ်
ထပ်တပ်ချင်သေးတာ ခက်ပါတယ်ဗျာ...
တချို့ မေတ္တာတွေဟာ ရောင်ပြန်ဟပ်လာဖို့
တဖက်ကို ထာဝရ 'သတ်' ထားတတ်ကြတာ
အဲ့တာဟာ 'တဖက်သတ်'အချစ်ပေါ့...

**********************************************

မနေ့ညက seok jin ဆီကထွက်လာပြီး သူ့ရဲ့
အပန်းဖြေစံအိမ်လေးမှာ ပြန်နေဖြစ်ခဲ့တယ်

တစ်ညလုံး မအိပ်ထားရပုံပေါ်နေပြီး မို့မောက်ဖောင်း
အစ်နေသော မျက်လုံးတွေနဲ့ ငေးငိုင်နေတဲ့ Tae ဟာ မျှော်လင့်ချက်မဲ့နေသော အရုပ်ကြိုးပျက်ပုံစံဖြင့်
အသက်မဲ့၍နေလေသည်။သူ့ဘဝလေး ဟာလည်း
မနေ့ကစပြီး အသက်မဲ့သွားခဲ့ရတာမလား...

ဒီလောကကြီးက ရယ်စရာတော့ ကောင်းသား
တည်ဆောက်ရခြင်းတွေက ခက်ခဲ ခဲ့ရသလောက်
ကြေကွဲပျက်စီး သွားဖို့ လွယ်လွန်းလိုက်တာဗျာ..
နှစ်ယောက်ဘဝတစ်ခုလို ရင်းနှီးခဲ့ဖူးကြပေမယ့်
အခုတော့လည်း လမ်းတွေ့ရင်တောင် မနှုတ်ဆက်
ဘဲနေကြရအောင်တဲ့......

လှလှပပလေး သုံးရရင်တော့ကျွန်တော်တို့ဟာ
အရင်းနှီးဆုံးသူစိမ်းတွေပေါ့လေ.....

သံယောစဉ်တွေဟာ ဖြတ်တောက်ဖို့ ခဲယဉ်းတယ်တဲ့
သူ့အတွက်တော့ တစ်မိနစ်စာ မပြည့်တဲ့ စကားစုလေး
တွေနဲ့ ပေါ့ပေါ့ပါးပါးလေး ဖြတ်တောက်နိူင်ခဲ့တယ်

ဓါးသွားလို စူးရှုတဲ့ စကားလုံးတွေဟာလည်း ရင်ဘတ်
ထဲ စိုက်ဝင်သွားတာ သွေးစိမ်းရှင်ရှင် ထွက်ရလေပြီ..
ဒီအနာတွေ ကျက်ဖို့ ကိုယ်ဆုမတောင်းဖြစ်ခဲ့ဘူး
သိတယ်မလား ကိုယ်ဟာ မင်းပေးတဲ့ဘယ်အရာမဆို
တန်းဖိုးထားတတ်လွန်းတဲ့ ခပ်ပိန်းပိန်း
အချစ်ရူးလေး တစ်ယောက်ဆိုတာ....

It is you 🍂(Completed)Where stories live. Discover now