Episode-13(Love is so sweet like honey 🍯)

2.2K 189 7
                                    

ကိုယ်သိပ်ချစ်ရတဲ့သူနဲ့သာ အတူတူရှိနေရရင်~~

အားငယ်တတ်ပြီး အငိုလွယ်တဲ့ ကိုယ်ဟာ အရာရာ
ရင်ဆိုင်ဖို့ Superhero လိုသတ္တိတွေ ရှိလာခဲ့တယ်.~~

အပြုံးတွေဟာ မသေသပ်မလှပပေမယ့်
ယုံကြည်ချက်ရှိရှိ ပြုံးနေမိခဲ့တယ်~~

သိပ်အရှက်ကြီးတဲ့ ကိုယ်ဟာ
မင်းရဲ့ အထိအတွေ့ အနမ်းလေးတွေကို အချိန်တိုင်း
တောင့်တရင်း ပူဆာနေမိတော့တယ် ~~

သိပ်ချစ်ရင် ရှုံးရတယ်ဆိုတဲ့ စာလေးတွေဟာလည်း
အခု ကိုယ့်အတွက် ဘောင်မဝင်တော့ ~~

အရာရာ ကြိုတင်မသိနိူင်တဲ့ တိုတောင်းတဲ့ ဘဝလေးထဲ
မင်းနဲ့အတူသာဆို နေပျော်အုံးမှာပါ~~

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြတင်းတံခါးလေးကနေ ထိုးဖောက်ဝင်လာသော
နေရောင်ခြည် နုနုလေးဟာ မျက်နှာလေးပေါ်
ဝင်ရောက် ခစားတော့မှ မျက်လုံးလေးကို အသာ
ဖွင့်လိုက်ရင်း...

ဘေးဖက်တွင် လစ်ဟာ နေတဲ့ အသိကြောင့်
ကပျာကရာ ထ,ကာ ရှာဖွေနေရသော အတွေ့ချင်ဆုံး
သူ့မျက်နှာလေး....

တစ်အိမ်လုံးအနှံ့ စိတ်ကြိုက်ရှာပြီးမှ ဖုန်းလေးအား
ဆက်ကြည့်တော့ 'စက်ပိတ်ထားသည်' ဆိုသောကြောင့်
ပိုလို့ပင် စိတ်ပူသွားရတော့သည်။

Jk-ဘယ်တွေသွားနေတာလဲ hyung ရယ် ဒီချိန်က
အတူတူရှိနေသင့်တာ မဟုတ်ဘူးလား ဘာမှမပြောဘဲ ဘယ်မှာဘာတွေလုပ်နေလို့ စက်ပါပိတ်ထားရတာလဲ

အနည်းငယ် စိတ်ရှုပ်ထွေးလာသော​ကြောင့် ဆံပင်
များကိုထိုးဖွလိုက်ရင်း အခုတော့ အိမ်ပြန်ဖို့သာ
တွေးလိုက်သည်။

Jungkook အရေးကြီး meeting ကြောင့်သာ
မဟုတ်ရင် seoul  တမြို့လုံးအနှံ့ရှာမှာ သေချာ
ပေမယ့် meeting ရယ် အဆုံးသတ်စရာ အလုပ်
တွေကို namjoon က ဖိအားပေးကာ လုပ်ခိုင်းနေသောကြောင့် ညနေအထိ မအားလပ်ဘဲ အလုပ်နဲ့
လက်နဲ့မပြတ် ပေမဲ့ စိတ်တွေအားလုံးဟာတော့ seok jin ဆီသာ ရောက်နေတော့သည်။

အိမ်မှာပဲ ရှိနေမှာပါ လို့သာ တွေးရင်း စိတ်လျော့ထားရတာမို့ company ကနေထွက်တာနဲ့ seok jin အိမ်လေး
ဆီသို့သာ ဦးတည်လိုက်ရင်း...

It is you 🍂(Completed)Where stories live. Discover now