Episode-11(Fall in love again ❤️)

2.6K 249 21
                                    

ကျွန်တော့်ရဲ့ နှလုံးသားလေးက မျက်နှာလိုက်တယ်
သူဆိုတဲ့လူသားကလွဲပြီး ရင်ခုန်မလှုပ်ရှားနိူင်ဘူးတဲ့
ကျွန်တော့် အပြုံးတွေက ဘက်လိုက်တယ်
သူကြောင့်ပဲ အသက်ဝင်ချင်တယ်တဲ့
ကျွန်တော်ကလည်း အစွဲအလန်းကြီးလွန်းတယ်
ဒဏ်ရာတွေနဲ့ နာကျင်နေရပေမဲ့ သူ့ကိုပဲဆက်ချစ်ဖို့
ရွေးချယ်မိပြန်တယ်

************************************************

Current Time:::

နောက်ဆုံး project အတွက် ဒီနေ့ Nj တို့ jungkook တို့နဲ့ လိုအပ်တာတွေပြန်လုပ်ဖို့ နေ့ခင်းလောက်မှာ Jeon Group ကိုထွက်လာခဲ့ရတယ်....

Nj-hyung လုပ်ပါအုံး jungkook အခုချိန်ထိ မလာသေးဘူး ဖုန်းဆက်နေတာလဲ မကိုင်ဘူး ကျွန်တော်က အခု အရေးကြီးအလုပ် ခရီးသွားစရာရှိလို့ hyung ကကူညီ
ပေးပါနော် သူ့ဆီသွားကြည့်ပေးပါအုံး

Jin-အင်းပါ hyung သွားလိုက်မှာမို့ မင်းစိတ်မပူဘဲ
သွားစရာရှိတာကို စိတ်အေးအေးသွား

Nj-Ok-hyung Thank you !!

မောင်ကနေမကောင်းရင် တနေကုန် အိပ်ရာထဲမှာပဲ
နေတတ်သူမို့ နေမကောင်းဖြစ်နေမလားလို့ တွေးပြီး
ခရုဆန်ပြုတ်ပြုတ်ပေးဖို့ လမ်းကနေ ခရုတို့ လိုအပ်မယ်ထင်တာတွေ ဝယ်သွားလိုက်တယ်....

တယောက်တည်း တွေ့တောင်မတွေ့ရသေးဘဲ
ကြောက်သလို ရှက်သလိုနဲ့ရင်ဘတ်လေးကို ဖိထားပြီး သက်ပြင်းလေးချကာ bell လေးနှိပ်လိုက်သည် အတော်ကြာသည်အထိ ဘာမှမထူးခြားသဖြင့် password လေးနှိပ်ပြီး ဝင်ဖို့ တွေးလိုက်ရင်း

Jin-password က ဘာဖြစ်မလဲ မွေးနေ့လား——
မှားနေတယ်-အင်းး -ဖုန်း lock pw လား——မှားတယ်—
ဒါဆို —anni date—အာ အရူးပဲ seok jin—ဖြစ်စရာလား
မဖြစ်နိုင်လောက်ပါဘူး -

>>>ဒေါက်<<<<

Jin-ဟော ပွင့်သွားတာလား အခု

အရင်အတူတူနေတုန်းက အိမ် pw ဖြစ်တဲ့ အပြင် သူတိူ့
နှစ်ယောက်ရဲ့ anni date လေးဖြစ်နေတာကြောင့် seok jin
သဘောကျစွာပြုံးလိုက်ပြီး ရင်ထဲတွင်လဲ နွေးခနဲ ဖြစ်သွားပြီး ပျော်သွားရသည်။

It is you 🍂(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ